Main menu

Background

ပဲတီစိမ်း(မိုးကြို)များ အောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းအခြေအနေ

Mon, 04/24/2023 - 13:22 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(မိုးကြို)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၇၁၈၈ ဧကစိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း (မိုးကြို)ကို ကျောက်ဆည်မြို့နယ်တွင် ၁၉၀၄ ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် ၂၉၃၉ ဧကနှင့် မြစ်သားမြို့နယ်တွင် ၁၆၁၅ ဧက၊ စုစုပေါင်း ၆၄၅၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

ပဲတီစိမ်း(မိုးကြို)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်းသိရှိရသည်။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း (၁၁)မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၅-၆ ပြည်ခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခစုစုပေါင်း ကျပ်သုံးသိန်းခန့် ကုန်ကျကြောင်း သိရှိရသည်။ ယခုနှစ် ပဲတီစိမ်း(မိုးကြို) စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကြသောကြောင့် ယခုအချိန်တွင် ပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ 

ယခင်နှစ်တွင် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀-၁၂ တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်းများ ထွက်ရှိမှုမရှိသေးသော်လည်း ဈေးနှုန်းအနေဖြင့် ၅၃၀ဝ၀ ကျပ် ဈေးနှုန်းများဖြင့် ကျောက်ဆည်မြို့နယ်ရှိ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်နေကြောင်း  နေလသုခ ပွဲရုံပိုင်ရှင်ထံမှ သိရှိရသည်။                                      

စိုးလွင်