Main menu

Background

အင်္ဂပူမြို့နယ်တွင် နွေစပါးစံကွက် ရိတ်သိမ်း

Tue, 05/09/2023 - 12:08 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတနှင့် မြန်အောင်ခရိုင် တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမှုမှာ ဟင်္သာတ မြို့နယ်တွင် ၁၀၂၂ ဧက၊ ဇလွန်မြို့နယ်တွင် ဧက ၃၀၉၀၊ လေးမျက်နှာမြို့နယ်တွင် ၁၅၅၃ ဧက၊ မြန်အောင်မြို့နယ်တွင် ၉၃၂၇ ဧက၊ ကြံခင်းမြို့နယ်တွင် ၁၄၇၂ ဧက၊ အင်္ဂပူမြို့နယ်တွင် ၂၄၄၂၉ နှင့် စုစုပေါင်း ၄၀၈၉၃ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်ထက် ၃၇၈၉ ဧက  ပိုမိုစိုက်ပျိုးခဲ့သည်။ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်တွင် ရေတင်စိုက်ပျိုး ကြပြီး အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များတွင် နန်ကသူ ဆည်၊ ကညင်ဆည်၊ မမြဆည်များမှ ဆည်ရေဖြင့် စိုက်ပျိုးကြ သည်။ ဆည်ရေသောက်  ဒေသများတွင် ဆင်းသုခ၊ မှော်ဘီ ၃၊ မနောသုခ၊ သီးထပ်ရင်မျိုးများကို စိုက်ပျိုးကြပြီး စက်ရေ တွင်းဖြင့် ရေတင်ရသည့် ဒေသများတွင် ပခန်း၊ ရက်ကိုးဆယ်၊ ဒဂုံသွယ်၊  GW 11 မျိုးများကို စိုက်ပျိုးကြပါသည်။
ဧပြီလဆန်းတွင် နွေစပါးများ စတင်ရိတ်သိမ်းကြပြီး တစ်ဧက လျှင် တင်း ၁၀ဝ ကျော်ထွက်ရှိသည့်အတွက် နွေစပါး စိုက် တောင်သူများ တွက်ခြေကိုက်လျက်ရှိသည်။ နွေစပါး တစ်ဧကလျှင် မျိုး၊ ထွန်ယက်ခ၊ စိုက်ခ၊ သွင်းအားစု၊ ရေတင်ခ၊ ရိတြွေ်ခခ  အပါအဝင်  စုစုပေါင်း  ကုန်ကျစရိတ်မှာ  ကျပ် ခြောက်သိန်းဝန်းကျင်ခန့်ရှိသည်။ ပခန်းစပါး  တင်း ၁၀ဝ လျှင် ကျပ် ၁၃၅၀ဝ၀ဝ ဝန်းကျင်ရရှိသဖြင့် တဧကလျှင် ခုနစ်သိန်းခွဲ ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိလျက်ရှိသည်။  နွေစပါး ပေါင် ၅၀ တင်း ၁၀ဝ လျှင် စပါးအမျိုးအစားနှင့် အရည်အသွေး အလိုက် ကျပ် ၁၃၅၀ဝ၀ဝ မှ ကျပ် ၁၅၀ဝ၀ဝ၀ ဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
အင်္ဂပူမြို့နယ်   ထူကြီးမြို့   အုတ်ရှစ်ကုန်းကျေးရွာ ဟင်္သာတ- မြန်အောင် ကားလမ်းဘေးရှိ တောင်သူ ဦးထွန်း ကြိုင်၏ ရက်(၉၀) စပါးမျိုး စိုက်ပျိုးထားသော လယ် ၄ ဒသမ ဝ၅ ဧကတွင် မေ ၂ ရက်က စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့ပြီး အင်္ဂပူမြို့နယ် စိုက်/တိုးမြှင့် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက် ရောက်ခဲ့သည်။ တစ်ဧကလျှင် ရက်ကိုးဆယ်စပါး ပျမ်းမျှ ၁၀၁ ဒသမ ၅၅ တင်းနှုန်း ထွက်ရှိခဲ့သည်။
နွေစပါးသည် လိုအပ်သော ရေ Level ကို ထိန်းညှိနိုင် ခြင်း၊ သွင်းအားစုကို စနစ်တကျ ထည့်သွင်းခြင်း၊ နေရောင်ခြည် လုံလောက်စွာ ရရှိခြင်းတို့ကြောင့် တစ်ဧက တင်း ၁၀ဝ ကျော် ထွက်ရှိနိုင်သည့်အတွက် တောင်သူတို့ တွက်ခြေကိုက် အကျိုးရှိသော စိုက်ပျိုးမှုလည်းဖြစ်သည်။
မောင်မောင်မြတ်ခိုင်