Main menu

Background

မိုးညှင်းဒေသထွက် ပဲပုပ်

Tue, 05/09/2023 - 12:29 -- journal_editor

မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်၏ စပါးကျီဖြစ်ပြီး စပါးအပြင် ပဲပုပ်၊ ဆီထွက်သီးနှံ နေကြာနှင့် မြေပဲများ အဓိက ထွက်ရှိရာ  ဒေသဖြစ်သည်။ ခရိုင်အတွင်း နန့်ယင်းလွင်ပြင်၊ ဟိုပင်ဒေသနှင့် အင်းတော်ကြီးအိုင်၏ ဘေး ဝဲ/ယာ ဒေသ များတွင်   ပဲပုပ်ကို   အဓိကထား စိုက်ပျိုးကြပြီး  စပါးသိမ်း ပြီးနောက် ဆောင်းသီးနှံအဖြစ် သီးထပ်စိုက်ပျိုးကြသည်။ ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  တစ်သောင်း ကျော် စိုက်ပျိုးခဲ့ပြီး ထွက်ရှိသည့်သီးနှံများကို ဆီတို့ဟူးပြုလုပ် ခြင်းနှင့်  စားသုံးဆီအဖြစ်  ကြိတ်ခွဲစားသုံးကြပြီး မန္တလေး၊ ရန်ကုန်ဒေသများသို့ တင်ပို့လျက်ရှိကြောင်း  သိရှိရသည်။ ဇန်နဝါရီလတွင် စတင်ထွက်ရှိခဲ့ပြီး စတင်ထွက်ရှိချိန်တွင် တစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ရှိခဲ့ပြီး ယခုဧပြီလကုန်တွင် တစ် တင်းလျှင် ကျပ် ၃၅၀ဝ၀  ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ ပဲပုပ်သီးနှံသည် တစ်ဧက ကုန်ကျစရိတ် နည်းပါးပြီး အကျိုးအမြတ်များသည့် သီးနှံဖြစ်ခြင်းကြောင့် တောင်သူများ ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်း၌ အကျိုးပြု လျက်ရှိရာ နှစ်စဉ် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။                                                 

ဖြူသွယ် (မိုးညှင်း)