Main menu

Background

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတွင်  နွေစပါးစိုက်ဧက ၃၅၀ဝ၀ ကျော် စိုက်ပျိုးနိုင်ခဲ့

Mon, 05/22/2023 - 15:41 -- journal_editor

မကွေးတိုင်းဒေသကြီးအတွင်း  မကွေး၊  ချောက်၊ မင်းဘူး၊ သရက်၊ အောင်လံ၊ ပခုက္ကူနှင့် ဂန့်ဂေါစသည့် ခရိုင်များတွင် နွေစပါးသီးနှံကို စပါးမျိုးကွဲများအလိုက် စိုက်ပျိုးလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတွင်  ယခုနှစ် နွေရာသီကာလ၌ နွေစပါးကို စိုက်ဧကပေါင်း ၃၅၀ဝ၀ ကျော်  စိုက်ပျိုးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးနိုင်ထံမှ သိရှိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ် နွေ ရာသီကာလတွင် နွေစပါးသီးနှံကို ခရိုင်အလိုက် စိုက်ပျိုး ခဲ့ကြကြောင်း၊ မကွေးခရိုင်တွင် နွေစပါးစိုက်ဧက ၇၅၈၈ ဧက၊ ချောက်ခရိုင်တွင် နွေစပါးစိုက်ဧက ၄၈၄ ဧက၊ မင်းဘူးခရိုင်တွင် နွေစပါးစိုက်ဧက ၁၆၇၆၁ ဧက၊ သရက် ခရိုင်တွင် နွေစပါးစိုက်ဧက ၁၆၀၅ ဧက၊ အောင်လံခရိုင် တွင် နွေစပါးစိုက်ဧက ၆၁၅၉ ဧက၊ ပခုက္ကူခရိုင်တွင် နွေစပါးစိုက်ဧက ၂၂၆၁ ဧက၊  ဂန့်ဂေါခရိုင်တွင် နွေ စပါးစိုက် ဧက ၈၃၇ ဧက၊ စုစုပေါင်း နွေစပါးစိုက်ဧက ၃၅၆၉၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် နွေစပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် ဒေသအလိုက် စပါးမျိုးကွဲများ စိုက်ပျိုး ကြပြီး ပုလဲသွယ်မျိုး ၁၃၇ ဧက၊ မနောသုခမျိုး  ၆၇၀၄ ဧက၊ ဆင်းသုခမျိုး ၃၀၃၇ ဧက၊ ရတနာတိုးမျိုး ၂၄၄၀၄ ဧက၊ သီးထပ်ရင်မျိုး ၃၄ ဧက၊ ပခန်းရွှေဝါမျိုး ၄၅၈ ဧက၊ ထိုင်းနှံကောက်မျိုး ၂၄၅ ဧက၊ ချမ်းမြေ့မေမျိုး ၆၉ ဧက၊ GW-11 မျိုး ၄၀၃ ဧက၊ ဆာဖိုးသာမျိုး ၇၉ ဧက၊ ရွှေပြည်ဌေးမျိုး ၇၄ ဧက၊ ရက်(၉၀)မျိုး ၅၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။ 
နွေစပါးစိုက်တောင်သူများအနေဖြင့် ရာသီဥတုနှင့် စိုက်ပျိုးရေကြောင့် ရက်တိုတိုဖြင့် ထွက်ရှိမည့် စပါးမျိုးများကို အဓိကထား  စိုက်ပျိုးကြဖို့ အသိပညာပေး ဆောင်ရွက်နေကြောင်း၊ တောင်သူအများစုစိုက်ပျိုးသည့် စပါးမျိုးများမှာ ထိုင်းနှံ ကောက်စပါးမျိုး (ရက်ပေါင်း- ၁၁၀) ရတနာတိုးစပါးမျိုး (ရက်ပေါင်း-၁၁၀) GW-11 စပါးမျိုး  (ရက်ပေါင်း-၁၁၀ မှ၁၁၅)  စပါးမျိုးများကို စိုက်ပျိုးကြကြောင်းကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။ 
မင်းဘူး(စကု) မြို့နယ် ကံကုလားကျေးရွာနေ နွေစပါးစိုက်တောင်သူတစ်ဦးထံမှလည်း မိမိတို့ဒေသမှာ ဆည်ရေရရှိသောကြောင့် နွေစပါးကို ခြောက်ဧကကျော်ထိ စိုက်ပျိုးထားကြောင်း၊ ဒေသအနေဖြင့် ရာသီဥတု ပူပြင်းသည့်အတွက် သက်တမ်းတိုသည့် စပါးမျိုးဖြစ်သည့် ထိုင်းနှံကောက်စပါးမျိုးကို စိုက်ပျိုးထားကြောင်း တောင်သူတစ်ဦးက ပြောသည်။ 
စန္ဒာစိုးလွင်