Main menu

Background

သဘာဝဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်ထားသည့် အရန်ရိက္ခာဆန်များ  သိုလှောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

Mon, 05/22/2023 - 16:26 -- journal_editor

မေ ၁၃ ရက် နံနက်ပိုင်းတွင်  အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်နှင့်  ရွှေပြည်သာစက်မှုဇုန်တို့တွင် သိုလှောင်ထားရှိသော  အရန်ရိက္ခာဆန်များ အသင့်အနေအထား ပြင်ဆင်ထားရှိမှု အခြေအနေအား  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက သတ်မှတ် သိုလှောင်ရုံများအလိုက် စုဆောင်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ 
အရန်ရိက္ခာဆန်များအား သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက အချိန်မီဖြန့်ဝေပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အသင့်အနေအထား ပြင်ဆင်စုဆောင်းထားရှိကြောင်း သိရသည်။
စားသုံး (ရန်ကုန်)