Main menu

Background

မန္တလေးတိုင်းဒေသကြီး၏ နွေစပါးဈေးကွက်

Mon, 06/19/2023 - 12:02 -- journal_editor

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်သည် စီးပွားရေးအချက်အချာကျသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိ သည့် မြို့နယ်တစ်ခုဖြစ်သည်။  မတ္တရာမြို့နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ အနောက် ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် ဝက်လက် မြို့နယ်၊  မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်တို့နှင့်  နယ်နိမိတ် ထိစပ် လျက်ရှိသည်။ မတ္တရာမြို့နယ်သည် ဧရာဝတီမြစ်နံဘေးနှင့် ဆည် တော်ကြီးရေလှောင်တမံ တည်ရှိရာဒေသဖြစ်သည်။ ဆည်တော်ကြီး ရေသည် မန္တလေးတူးမြောင်း၊ ရေနံ့သာတူးမြောင်းများဖြင့် မြို့နယ် အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည် ။ မတ္တရာမြို့နယ်သည် ကုန်း လမ်း၊ ရေလမ်း လမ်းမပေါ်တွင်တည်ရှိပြီး မီးရထားလမ်းလည်းရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းသော မြို့တစ်မြို့ဖြစ်သည်။ ဗုဒ္ဓ ဘာသာ ဗမာလူမျိုးများ အများဆုံး နေထိုင်ရာဒေသဖြစ်၍  ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ များစွာရှိသည်။ မတ္တရာမြို့နယ်သူ၊ မြို့နယ်သားများသည် သဒ္ဓါတရား အလွန်ထက်သန်ကြပြီး အလှူ အတန်း ရက်ရောကြသူများဖြစ်သည်။    
မတ္တရာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုး ရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြသည်။ မြို့နယ်  ၏  အဓိကထွက်ကုန်မှာလည်း ဆန်နှင့်  ပဲမျိုးစုံဖြစ်ပြီး   မန္တလေးနှင့် စစ်ကိုင်းမြို့များသို့ အများဆုံးတင်ပို့ ရောင်းချကြသည်။ လယ်မြေ ဧရိယာ ၅၀ဝ၀ဝ ကျော်ရှိပြီး စပါးကို အဓိကထား  စိုက်ပျိုးကြရာ မိုးစပါး၊ နွေစပါးများ နှစ်ရာသီလုံး စိုက်ပျိုးကြပြီး မိုး၊ နွေစပါး နှစ်ရာ သီပေါင်း စပါးစိုက်ဧက ၉၀ဝ၀ဝ ကျော်  စိုက်ပျိုးထွက်ရှိရာဒေသ ဖြစ်လို့ ဆန်ဖူလုံမှု ရာခိုင်နှုန်း ၂၀ဝ ကျော်ရှိကြောင်း သိရသည်။  ၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်းအရ မိုးစပါး  ၄၈၃၈၅ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့် ၉၀ ဒသမ ၂၇ တင်းဖြင့်  အထွက်စုစုပေါင်း  ၄၃၆၇၉၃၉ တင်းထွက်ရှိခဲ့ကြောင်း သိရှိရသည်။ မိုးစပါးအား  မျိုးအနေဖြင့် မဂျမ်းတောစပါးမျိုးကို အများဆုံး စိုက်ပျိုးခဲ့ပြီး အရည်အသွေးအကောင်းမွန်ဆုံးနှင့် ထိပ်တန်းဝင်ဆန် အမျိုးအစားဖြစ်သည့်အတွက်ကြောင့်  ဈေးကွက်တွင် ထိပ်ဆုံးမှာ ရှိနေခဲ့ကြောင်း၊ လက်ရှိ ဆန်စပါးဈေးကွက်အနေဖြင့်  မိုးစပါးများမှာ လက်ကျန်လည်းနည်းပါးနေပြီး ဆန်အဟောင်းဘက်လည်းရောက် နေသည့်အချိန်ဖြစ်သောကြောင့် မဂျမ်းတောစပါး တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊ မနောသုခစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀ ဖြင့်လည်းကောင်း၊ မဂျမ်းတော ဆန် ၂၄ ပြည်  တစ်အိတ်လျှင် ၈၅၀ဝ၀ ကျပ်၊ မနောသုခ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စက်ပိုင်၊ ကုန်သည်၊ ပွဲစားများထံမှသိရှိရသည်။
ယခုနှစ်တွင် နွေစပါး ၄၇၉၆၄ ဧက စိုက်ပျိုးထားရှိပြီး အစော စိုက်မူရင်းစပါး၊ နှံကောက်စပါးများ စတင်ထွက်ပေါ်နေပြီဖြစ်သည်။ နွေစပါးကို မတ်၊ ဧပြီလများမှာ စတင်စိုက်ပျိုးခဲ့ပြီး ဇွန်၊ ဇူလိုင်လများ တွင်ရိတ်သိမ်းရမည်ဖြစ်သည်။ ယခုနှစ် နွေစပါးများမှာ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထောက်ပံ့မှုများ ရရှိသည့်အတွက်ကြောင့်  တောင်သူများစိုက်ပျိုးစရိတ် အခက်အခဲမရှိ စိုက်ပျိုးနိုင်ခဲ့သည်။ မြေပြင်ကွင်းဆင်း မေးမြန်း ချက်အရ နွေစပါး တစ်ဧကအထွက်နှုန်း တင်း ၁၀ဝ ကျော်ထွက်ရှိပြီး စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀ နှင့် ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ ဖြင့်ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်ကောင်း၍ တောင်သူများ အကျိုးအမြတ်ရရှိကာ ယခုနှစ်နွေစပါးစိုက် တောင်သူများ ယခု လက်ရှိဈေးနှုန်းအတိုင်း ရှိနေပါက မြေကြီးက ရွှေသီးသည့်နှစ်ဟု ဆိုရမည်ဖြစ်သည်။
ဝင်းမာ