Main menu

Background

နိုင်ငံခြားဈေးကွက်ရှိ မတ်ပဲသီးနှံကို တောင်သူများ ပိုမိုစိုက်ပျိုးလာ

Mon, 06/19/2023 - 12:26 -- journal_editor

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် မြန်မာနိုင်ငံအတွက် အရေး ပါသော ပဲတစ်မျိုးဖြစ်သည်။ မတ်ပဲကို အစိုဓာတ်နှင့်    မြေဆီလွှာအာဟာရ အနည်းငယ်သာရှိသော   မြေများတွင် လည်း   စိုက်ပျိုးနိုင်သည်။ မတ်ပဲတွင် ဗိုက်တာမင်၊  ပရိုတင်း၊  သတ္တုဓာတ် စသည်တို့ အမြောက်အမြား ပါဝင်သော ကြောင့်  လူသားတို့အတွက်  အာဟာရ တန်ဖိုး မြင့်မားသည်ဟု ဆိုနိုင်သည်။ မတ်ပဲကို များသောအားဖြင့် ဆောင်း တွင်းပိုင်းတွင် ပိုမိုစိုက်ပျိုးကြပြီး မိုးတွင်း ပိုင်းတွင် အနည်းငယ် စိုက်ပျိုးကြသည်။  နိုင်ငံခြားဈေးကွက်ရှိသော သီးနှံလည်း ဖြစ်သည်။
မတ်ပဲသီးနှံကို   စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးမှု များပြားပြီး ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် လျာထားချက် မှာ မိုး ၉၃၂၆ ဧက၊ ဆောင်း ၁၆၃၂၅၄ ဧက၊ စုစုပေါင်း  ဧက  ၁၇၂၅၈၀ ရှိပြီး ၂၀၂၃ ခုနှစ်၊ ရာသီကုန်ကာလအထိ မိုး ၈၉၇၈ ဧက၊ ဆောင်း ၁၆၄၃၆၉ ဧက၊ စုစုပေါင်း ၁၇၃၃၄၇ ဧက စိုက်ပျိုးခဲ့ရာမှ ၁၇၃၃၃၃ ဧက ရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ မတ်ပဲသီးနှံကို ရေဦးခရိုင်တွင် ၅၅၄၆၀ ဧက၊ ကန့်ဘလူခရိုင်တွင် ၅၀၂၆၇ ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၉၃၆၆ ဧက၊ ရွှေဘို ခရိုင်တွင် ၁၅၇၉၁ ဧက၊  ယင်းမာပင် ခရိုင်တွင် ၁၀၇၇၂ ဧက၊ မုံရွာခရိုင်တွင် ၈၂၅၉ ဧကနှင့်   ကျန်ခရိုင်များတွင် ၁၃၄၁၈ ဧက စုစုပေါင်း ၁၇၃၃၃၃ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး  တိုင်းစိုက်ပျိုးရေးဦးစီးဌာန ၏ စာရင်းများအရ သိရှိရသည်။
ယခင်နှစ်   ကာလတူအချိန်က မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၁၄၄၀ဝ၀ ရှိခဲ့ရာ ယခုနှစ် လက်ရှိ အချိန်တွင် ငွေကျပ် ၂၄၀ဝ၀ဝ ပေါက် ဈေးရှိကြောင်း၊ မတ်ပဲ တစ်ဧက ကုန်ကျ စရိတ်အနေဖြင့် ကျပ် ၃၈၁၅၀ဝ ကုန် ကျပါကြောင်း၊ တစ်ဧကအထွက်တင်း ၁၆ တင်းထွက်ရှိပါသဖြင့် လက်ရှိ တစ် တင်းပေါက်ဈေး ကျပ် ၈၀ဝ၀ဝ ဈေးရရှိ သဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ် ၁၂၈၀ဝ၀ဝ ရရှိသဖြင့် တစ်ဧကအကျိုး အမြတ်အနေဖြင့် ကိုးသိန်းခန့်ရရှိသဖြင့် တောင်သူများအတွက်   တွက်ခြေကိုက် သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ဆူးလေ ကုန်ကျေးရွာ၊ ကျွန်းသာယာကျေးရွာနှင့် ကျက်သွန်ဈေးကျေးရွာများရှိ တောင်သူ များထံမှ သိရှိရသည်။ မတ်ပဲကို ခွဲခြမ်း ပြုလုပ်၍  မတ်ပဲဘယာကြော်၊ အပင် ပေါက်ဖောက်၍  မတ်ပဲပင်ပေါက်၊ ၎င်း အပင်ပေါက်ကို အချဉ်တည်၍ ပဲပင် ချဉ်အဖြစ် အမျိုးမျိုး ပြုလုပ်ရောင်းချနေ ရခြင်းကြောင့်   ပြည်တွင်းဈေးကွက် သာမက   နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက်   ကာလမရွေး ဈေးကွက်ဝယ်လိုအားရှိနေပြီး   ဈေး ကောင်းရနေသော မတ်ပဲသီးနှံကို ပိုမို စိုက်ပျိုးလာကြောင်း တောင်သူများထံမှ လေ့လာ သိရှိရသည်။    
တင်မာ‌ဝေ(မုံရွာ)