Main menu

Background

လူတန်းစားမရွေး စားသုံးနေသော စားတော်ပဲ

Mon, 07/17/2023 - 11:04 -- journal_editor

စားတော်ပဲကို  ဒေသအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးလျက်ရှိသည်။ မြန်မာလူမျိုးတို့သည် စားတော်ပဲကို  အခြေခံအစားအစာတစ်ခုအဖြစ် လည်းကောင်း၊ မနက်ခင်း အဆာပြေစာအဖြစ်လည်းကောင်း ထမင်းပူပူ၊ ထမင်းကြော်၊ အီကြာကွေး၊ ပလာတာ၊ နံပြား  စသည်တို့ဖြင့် စားသုံးကြသည်။
စားတော်ပဲပြုတ်ရာတွင် စားတော်ပဲကိုဝယ်ပြီး ပဲထဲမှ ခဲ၊ အမှုန့်များကိုရွေး၍  ရေသုံးထပ်  ဆေးရသည်။ ပြီးလျှင် ရေဖြင့်စိမ်ပြီး ညနေလောက်တွင် ပဲများကို ဆယ်၍ ဆန်ခါဖြင့် သုံးရက်ခန့် အညှောင့်လေးများ ထွက်လာစေရန် ရေစစ်ထားရ သည်။ ပြီးမှ ပြုတ်ရသည်။ စားတော်ပဲ တစ်ပိဿာကို ဒန်အိုး ဖြင့် စားတော်ပဲမြှုပ်ရုံ ရေထည့်ပြီး သုံးခါတည်၍ ပြုတ်ရသည်။ မနက်ဈေးပြန်ထွက်သည့်အခါ တစ်ခါပြန်၍ နွှေးပေးရသည်။
စားတော်ပဲတွင် ဆားနှင့်ဆိုဒါ ထည့်ပြုတ်ရသည်။ အချို ဓာတ်လိုလျှင် ထန်းလျက်ထည့် ပြုတ်ရသည်။ စားတော်ပဲ တစ် ပိဿာလျှင် ကျပ် ၇၂၀ဝ ရှိပြီး မီးသွေးဖြင့်ပြုတ်လျှင် မီးသွေး တစ်ပိဿာခန့်ကုန်သည်။  စားတော်ပဲ ၁၀ ကျပ်သားကို ၈၀ဝ ကျပ်ဖြင့် ရောင်းချသည်။
စားတော်ပဲသည် လူအများစုအတွက် မနက်ခင်း အစားအစာဖြစ်ပြီး အရင်းအနှီးလည်း အများအပြားမလိုအပ်သဖြင့် အိမ်တွင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ကထက် အရောင်းပါး ကြောင်း စားတော်ပဲ  ရောင်းသူတစ်ဦးက ပြောပြချက်အရ သိရှိရသည်။                                                        

ပပလင်း(ဖြူး)