Main menu

Background

ပြည်လက်လီပဲဈေးကွက်တွင် ဈေးအမြင့်ဆုံးရနေသည့် စားတော်ပဲသီးနှံ

Mon, 09/11/2023 - 10:34 -- journal_editor

ပြည်ပဲဈေးကွက်အတွင်း ယခုနှစ်တွင် ပဲဈေးများ ဈေးမြင့်တက်လာခဲ့ခြင်းကြောင့် ပြည်ပဝယ်လိုအား များသော ပဲများနှင့် ပြည်တွင်းအဓိက အဝယ်ရှိသော ပဲများပါ ဈေးကောင်းရလျက်ရှိနေသည်။ လက်လီပဲဈေးကွက်၌လည်း နေ့စဉ် လက်လီရောင်းဝယ်မှု အိတ် ၂၀၊ ၃၀ ခန့်ဖြစ်လျက်ရှိသော စားတော်ပဲသီးနှံဈေးသည် တစ်တင်း (ပိဿာ ၂၀) ကို ကျပ် ၁၃၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 
ထို့ကြောင့် စားတော်ပဲပြုတ် ၁၀ သားလျှင် ကျပ် ၇၀ဝ မှ ၈၀ဝ ဖြင့် ဝယ်ယူစားသုံးနေကြရကြောင်း သိရသည်။ စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ပဲဈေးကွက်အတွင်း ဈေးအမြင့်ဖြင့်သာ ရောင်းဝယ်ခဲ့ရသည့်အတွက် ယခင်နှစ် ကလည်း စက်တင်ဘာလအတွင်း တစ်တင်း ကျပ် ၁၃၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 
ယခုနှစ်တွင် အခြားပဲများဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာသော်လည်း စားတော်ပဲ သီးနှံဈေး ကို မမီသောကြောင့် ပဲဈေးကွက်အတွင်း ဈေးနှုန်းအမြင့်ဆုံးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။  

 

ခင်ဆွေဝင်း(ပြည်)