Main menu

Background

နံစားပြောင်းသီးနှံများ အောင်မြင်စွာစိုက်ပျိုးပြီးစီး

Mon, 09/25/2023 - 14:06 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ပြောင်းအမျိုးမျိုးကိုလည်း စိုက်ပျိုးလျက်ရှိရာ နှံစားပြောင်း သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိသည်။  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှံစား ပြောင်းစိုက်ဧက ၃၁၇၇ ဧကကို  အောင်မြင်စွာ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 
ကျောက်ဆည်မြို့နယ်တွင် အများဆုံးစိုက်ပျိုးသော ရွာများမှာ တောင် တော်ကျေးရွာ၊ နောင်ခမ်းကျေးရွာနှင့် ကင်းကျေးရွာများတွင် ကုန်းကွက်များ၌ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးပြီး ၃-၄ လတွင် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ နှံစားပြောင်းသီးနှံစိုက်ပျိုးမှု တစ်ဧကမျိုးအနေဖြင့် လေးပြည် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသော  မျိုးများမှာ ထွက်တိုးနီနှင့် ထွက်တိုးဖြူမျိုးများကို စိုက်ပျိုးကြ ကြောင်း၊ မျိုးတစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ပေးရကြောင်း၊  ပြောင်းစိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ် ၂၀ဝ၀ဝ၀ ကုန်ကျကြောင်း၊ ယခင်နှစ်စိုက်ပျိုးမှုတွင် တစ်ဧက ရိတ်သိမ်းြွေခပြီးသည်အထိ ကျပ် ၃၀ဝ၀ဝ၀ ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် ၃၅ တင်းထွက်ရှိခဲ့ပြီး ပြောင်းတစ်တင်းလျှင် ကျပ် ၂၂၀ဝ၀ ဖြင့် ရောင်း ချရသဖြင့် အကျိုးအမြတ်အနေဖြင့် ကျပ် ၄၀ဝ၀ဝ၀ ဝန်းကျင်ခန့်မြတ်ကြောင်း၊ နှံစားပြောင်းဖြတ်ပြီး ကျန်ရှိသော ပြောင်းရိုးကို ရောင်းချပါက တစ်ဧကလျှင် ကျပ် ၁၀ဝ၀ဝ၀ ရောင်းရကြောင်း၊ နွားစာ ကျွေးမွေးရန်အတွက် လာရောက် ဝယ်ယူသူများလည်းရှိသဖြင့် ပြောင်းရိုး ရောင်းချမှုဖြင့် မျိုးဖိုး ပြန်လည်ရကြောင်း၊ နှံစားပြောင်းစိုက်ပျိုးမှုတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရှိသဖြင့် နှံစားပြောင်း သီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်သည်။
မော်မော်အောင်