Main menu

Background

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Tue, 09/26/2023 - 10:06 -- journal_editor

မကွေးတိုင်းဒေသကြီးသည်  မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိက စိုက်ပျိုးကြသော်လည်း  စပါးကို ဆည်ရေရရှိသည့် တောင်တွင်း၊ မြို့သစ်နှင့်  မြစ်နောက်ဘက်ရှိ   ပွင့်ဖြူနှင့်  စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြသဖြင့် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါး အဓိက စိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရ သည်။
မကွေးတိုင်းဒေသကြီးအတွင်း     ဧရာပဒေသာ  စပါးကိုသာ အဓိကစိုက်ပျိုးကြပြီး ၂၀၂၃  ခုနှစ် စက်တင်ဘာ   တတိယပတ်တွင် ဖြစ်ပေါ်နေသော  ဧရာပဒေသာစပါးဈေးမှာ တစ်တင်းလျှင် ကျပ် ၃၆၀ဝ၀ ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်မှ ဆန် (ပေါ်ဆန်း မွှေး)  ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၅၇၅၀ဝ၊ ဆန်(ဧရာပဒေသာ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၃၉၀ဝ၀၊ ဆန်(မနောသုခ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၈၀ဝ၀၊ ဆန်(ရတနာတိုး) ၂၄ ပြည်တစ်အိတ် လျှင် ကျပ်၇၅၀ဝ၀၊ မင်းဘူးခရိုင်မှ  ဆန်(ပေါ်ဆန်းမွှေး)  ၂၄ ပြည် တစ်အိတ်လျှင် ကျပ်  ၁၄၀ဝ၀ဝ၊ ဆန်(ဧရာပဒေသာ)  ၂၄ ပြည် တစ် အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ ၊ ဆန်(မနောသုခ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ သရက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၁၂၀ဝ၀ဝ ၊ ဆန်(ဧရာပဒေသာ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀၆၀ဝ၀၊ ဆန်(မနောသုခ)၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ ၊ အောင်လံခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည် တစ်အိတ် လျှင် ကျပ် ၁၅၅၀ဝ၀ ၊ ဆန်(ဧရာပဒေသာ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ ဆန်(မနောသုခ)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၃၀ဝ၀၊ ဆန်(ရတနာတိုး)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ချောက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ဆန်(ဧရာပဒေသာ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ဆန်(မနောသုခ)၂၄ပြည်တစ် အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဆန်(ရတနာတိုး)၂၄ပြည်တစ် အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ ပခုက္ကူခရိုင် မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ ဆန် (ဧရာပဒေသာ) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ဆန် (မနော သုခ)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဆန်(ရတနာတိုး)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀  ဂန့်ဂေါခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ၊  ဆန်(ဧရာပဒေသာ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဆန်(မနောသုခ)၂၄ ပြည်တစ် အိတ်လျှင် ကျပ် ၁၀၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့သို့  စက်တင်ဘာလအတွင်း (တတိယပတ်အထိ) အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီး ဝင်မှုမှာ  စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်အိတ် ၂၄၉၈၊ မန္တလေးတိုင်းဒေသကြီးမှ  အိတ် ၃၆၀၊ ရန်ကုန်တိုင်း ဒေသကြီးမှ  အိတ် ၁၁၇၀၊ ပဲခူးတိုင်းဒေသကြီးမှ  ၂၄၂၄ အိတ်နှင့် ရခိုင်ပြည်နယ်မှ  အိတ် ၂၀ဝ၀၊ စုစုပေါင်း  ၃၀၉၃၄ အိတ်၊  ၁၅၄၇ တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ  ဆန်အိတ် ၆၂၀ဝ၀၊  တန် ၃၁၀ဝ စီးဝင်ခဲ့ကြောင်း သိရှိရသည်။

 

ရဲမင်းသာ