Main menu

Background

ကမ္ဘာ့ဆီထွက်သီးနှံများနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး

Tue, 09/26/2023 - 10:21 -- journal_editor

ကမ္ဘာပေါ်တွင် စားသုံးရန် ဆီထုတ်လုပ်သော ဆီထွက် သီးနှံ အမျိုးမျိုးရှိသော်လည်း အဓိကစားသုံးဆီမှာ လေးမျိုးရှိ သည်။ အဆိုပါ ဆီထွက်သီးနှံလေးမျိုးမှာ ပဲပုပ်ဆီ၊ နေကြာဆီ၊ မုန်ညင်းဆီနှင့် စားအုန်းဆီတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် နိုင်ငံခြားက မှာယူတင်သွင်း သော စားအုန်းဆီများကို အဓိကထား၍ စားသုံးကြသည်။ 
ပဲပုပ်ဆီ
ကမ္ဘာပေါ်တွင် ပဲပုပ်စေ့သည် ၂၀ဝ၆-၂၀ဝ၇ ခုနှစ်တွင် ကမ္ဘာ့ဆီထွက်သီးနှံထွက်ရှိမှု၏ ၅၈ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ဟင်း သီးဟင်းရွက်ဆီ  ထွက်ရှိမှု၏ ၃၆ ရာခိုင်နှုန်း ရှိခဲ့သည်။ ပဲပုပ် စေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၁၂ ရာခိုင်နှုန်း မှ ၂၅ ရာခိုင် နှုန်းအထိရှိ၍ ကမ္ဘာ့ဆီထွက် သီးနှံများ၏ ၅၅ ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သိရသည်။
ပဲပုပ်ကို အဓိကထုတ်လုပ်သော နိုင်ငံများမှာ အမေ ရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ဖြစ် သည်။ 
မုန်ညင်း
မုန့်ညင်းစေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၄၀ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာပေါ်တွင် မုန်ညင်း အဓိကစိုက်ပျိုးသောနိုင်ငံမှာ ဥရောပနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့ဖြစ်သည်။ မုန့်ညင်းမှ ဆီထွက်ရှိမှု၏ ၁၈ ရာခိုင်နှုန်း ရှိသည်ဟုသိရသည်။
နေကြာ
နေကြာစေ့တွင် ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်း မှ ၃၂ ရာခိုင်နှုန်းအထိရှိသည်။ နေကြာသီးနှံသည် ကမ္ဘာ့ဆီ ထွက်သီးနှံ  ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းနှင့် အထက်ရှိပြီး အများဆုံး ထုတ်လုပ်သည့်နိုင်ငံမှာ ရုရှားနိုင်ငံ၊ ယူကရိန်းနိုင်ငံ နှင့် အာဂျင်တီးနားနိုင်ငံတို့ဖြစ်သည်။ နေကြာသီးနှံ၏ မူရင်း ဒေသမှာ တောင်အာဖရိကနှင့် မြောက်အမေရိကတိုက်တို့ ဖြစ်ကြသည်။ 
မြန်မာနိုင်ငံတွင် ယခင်က နေကြာကို အနည်းငယ်သာ စိုက်ပျိုးကြပြီး ယခုနောက်ပိုင်းကာလများတွင် ပြည်တွင်းစား သုံးဆီဖူလုံမှု ရှိစေရန်အတွက် စမ်းသပ်စိုက်ပျိုးလာကြသည်။ နေကြာကို ဧကပြတ် စိုက်ပျိုးကြသလို ပဲမျိုးစုံ စိုက်ခင်းများထဲ တွင်လည်း သီးထပ်သီးညှပ် စိုက်ပျိုးကြကြောင်း သိရသည်။  နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်သည့် သဘာဝစား ဆီဖြစ်ပြီး အနံ့မရှိသည့် ဆီတစ်မျိုးဖြစ်သည်။ 
ယခင်က   စားအုန်းဆီကို  ပြည်တွင်းစားသုံးဆီ လုံလောက်မှုမရှိ၍ နှစ်စဉ်စားအုန်းဆီများကို ပြည်ပမှ တင် သွင်းနေရသည်။ ယခုအခါ ပြည်တွင်း စားသုံးဆီများ ဖူလုံရေး အတွက် နှမ်း၊ မြေပဲနှင့် နေကြာများကို အဓိကထား၍ စိုက်ပျိုး ကြသည်။ စားသုံးဆီဖူလှုံမှု မရှိသေးသဖြင့် စားအုန်းဆီများကို လည်း ဝယ်ယူ၍ စားသုံးကြသည်။  ယခုအခါ နိုင်ငံတော်မှ လည်း စားအုန်းဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။
ပြည်တွင်း စားသုံးဆီများဖြစ်သော မြေပဲဆီ၊ နှမ်းဆီနှင့် စားအုန်းဆီတို့ရှိရာ စားအုန်းဆီကို အခြေခံလူတန်းစားများ စားသုံးကြပြီး မြေပဲဆီနှင့် နှမ်းဆီကို ငွေကြေးပြည့်စုံသူများ က ဝယ်ယူစားသုံးကြသည်။ ဝယ်ယူစားသုံးကြသော စားသုံးဆီ ဈေးနှုန်းများကို အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်-
စဉ်    လအမည်    မြေပဲဆီ    နှမ်းဆီ    စားအုန်းဆီ    
၁    ဇန်နဝါရီ    ၁၀၅၀ဝ    ၁၁၀ဝ၀    ၆၈၀ဝ
၂    ဖေဖော်ဝါရီ  ၁၃၀ဝ၀    ၁၂၀ဝ၀    ၇၆၀ဝ
၃    မတ်လ    ၁၃၀ဝ၀    ၁၂၀ဝ၀    ၇၆၀ဝ
၄    ဧပြီလ    ၁၃၀ဝ၀    ၁၂၀ဝ၀    ၆၈၀ဝ
၅    မေလ    ၁၃၅၀ဝ    ၁၂၀ဝ၀    ၆၆၀ဝ
၆    ဇွန်လ    ၁၄၀ဝ၀    ၁၃၀ဝ၀    ၇၆၀ဝ
၇    ဇူလိုင်    ၁၄၀ဝ၀    ၁၃၀ဝ၀    ၈၅၀ဝ
၈    သြဂုတ်လ    ၁၄၀ဝ၀    ၁၂၅၀ဝ    ၈၁၀ဝ
၉    စက်တင်ဘာလ    ၁၃၅၀ဝ    ၁၄၀ဝ၀    ၅၀ဝ၀
မြေပဲဆီဈေးမှာ ၂၀၂၃ ဇန်နဝါရီလတွင် တစ်ပိဿာ လျှင် ကျပ် ၁၀၅၀ဝ ရှိခဲ့ပြီး စက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၃၅၀ဝ ဈေးဖြစ်သဖြင့် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ခန့် ဈေးများ မြင့်တက်လာခဲ့သည်။ နှမ်းဆီဈေး မှာလည်း ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀ ဈေးရှိခဲ့ပြီး စက်တင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ ဖြစ်၍ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြင့် ဈေး မြင့်တက်လာခဲ့သည်။  စားအုန်းဆီဈေးမှာ ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆၈၀ဝ ဖြစ်ခဲ့ပြီး ယခု စက်တင် ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ ဈေးဖြင့် တစ် ပိဿာလျှင် ကျပ် ၁၈၀ဝ ခန့် ဈေးများ ကျဆင်းလာသည်။ 
ဒေသတွင်းထွက်ရှိသော  မြေပဲဆီ၊ နှမ်းဆီများကို အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ရောင်းချနိုင် မည်ဆိုလျှင်   စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်သလို ဆီဖူလုံမှုရှိပါက ပိုလျှံသောဆီများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်လည်းဖြစ်သည်။ 
စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးအရလည်း ကောင်းမွန်စေရန် ဆီကိုများပြားစွာ စားသုံးခြင်းမပြုဘဲ ဆီကို လျှော့၍ စားသုံးကြဖို့ လိုအပ်သည်။ အရွယ်အလိုက် တစ်ရက် ဆီစားသုံးမှုမှာ အသက် (၁)နှစ်မှ (၃)နှစ်အတွင်းကို ဆီ ငါး မတ်သား၊ အသက်(၄)နှစ်မှ (၆)နှစ် အတွင်း တစ်ကျပ်ခွဲသား နှင့် (၆)နှစ်နှင့်အထက် နှစ်ကျပ်ခွဲသားခန့် စားသုံးပေးရန် လိုအပ်သည်။ ထို့ကြောင့် လူတစ်ဦး လျှင် တစ်နှစ်ပျမ်းမျှ စား သုံးဆီစားသုံးမှုမှာ ငါးပိဿာနှင့် ၄၀ ကျပ်သား စားသုံးသင့် ကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်းသုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေပဲနှင့် နှမ်းကို မျိုးကောင်းမျိုးသန့် များ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရည်အသွေး ကောင်းသော ဆီထွက်သီးနှံများ ရရှိလာနိုင်မှာဖြစ်သည်။ စား သုံးဆီများ၏ စံချိန်စံညွှန်း သတ်မှတ်ပြီး စားဆီအရည်အသွေး ကို ထိန်းချုပ်ပေးလျှင် ပြည်ပသို့ တင်ပို့နိုင်မှာဖြစ်ပြီး နိုင်ငံခြား ဝင်ငွေများ ရရှိနိုင်မည်ဖြစ်သည်။

ဝေဝေမင်း (ပြည်)