Main menu

Background

မကွေးတိုင်းဒေသကြီးအတွင်း စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Tue, 10/10/2023 - 08:45 -- journal_editor

မကွေးတိုင်းဒေသကြီးသည်  စက်တင်ဘာ ၂၈ ရက်မှ အောက် တိုဘာ ၄ ရက်အတွင်း သရက်ခရိုင်တွင် ဆန် (ဧရာပဒေသာနှင့်မနော သုခ) မှာ  ဈေးအနည်းငယ်တက်နေပြီး   ကျန်ခရိုင်များဖြစ်သော အောင်လံခရိုင်တွင်(ပေါ်ဆန်းမွှေး၊ ဧရာပဒေသာနှင့် မနောသုခ)၊ ချောက်ခရိုင်တွင်(ဧရာပဒေသာ)၊ ပခုက္ကူခရိုင်တွင် (ဧရာပဒေသာ)ဈေးနှုန်းများမှာ ကျဆင်းနေကြောင်းသိရသည်။
ယခုရက်သတ္တပတ်အတွင်း  ဖြစ်ပေါ်နေသော  ဧရာပဒေသာ စပါးဈေးမှာ တစ်တင်းလျှင် ကျပ် ၃၆၀ဝ၀ ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)  ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၅၇၅၀ဝ၊ ဆန်(ဧရာပဒေသာ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၃၉၀ဝ၀၊ ဆန်(မနောသုခ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၈၀ဝ၀၊ ဆန် (ရတနာတိုး) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ ၊ ဆန်(ဧရာပဒေသာ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ ၊ ဆန်(မနောသုခ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
သရက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ဆန်(ဧရာပဒေသာ)  ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ ၊ ဆန်(မနောသုခ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
 အောင်လံခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည် တစ်အိတ် လျှင် ကျပ် ၁၅၂၀ဝ၀၊   ဆန်(ဧရာပဒေသာ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀၊ ဆန်(မနောသုခ) ၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀ ၊ ဆန်(ရတနာတိုး) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ချောက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ ၊ ဆန်(ဧရာပဒေသာ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ ၊ ဆန်(မနောသုခ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဆန်(ရတနာတိုး) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည်တစ်အိတ်လျှင် ကျပ်၁၄၅၀ဝ၀ ၊  ဆန်(ဧရာပဒေသာ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ ၊ ဆန်(မနောသုခ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဆန်(ရတနာတိုး) ၂၄ ပြည်   တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) ၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ၊ ဆန်(ဧရာပဒေသာ) ၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဆန်(မနောသုခ) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့သို့  စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များ မှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီးမှ ဆန် ၅၉၁၅ အိတ်၊  ပဲခူးတိုင်းဒေသကြီးမှ ၂၆၇၁ အိတ်နှင့် ရခိုင်ပြည်နယ်မှ အိတ် ၆၀ဝ၊ စုစုပေါင်း  ၉၁၈၆ အိတ်၊ ၄၅၉ တန်နှင့် ပခုက္ကူမြို့သို့   ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်အိတ် ၃၅၅၀ဝ၊  ၁၇၇၅ တန်စီးဝင်ခဲ့ကြောင်း သိရှိရသည်။

 

ရဲမင်းသာ