Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများ

Mon, 10/23/2023 - 14:10 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ် သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များ အနေဖြင့် ကသာခရိုင်တွင် ဈေးအနည်းငယ် တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာ လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ နွေစပါး(ရွှေဝါထွန်း) စပါး တင်း ၁၀ဝ  လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ရေဦးခရိုင် ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊  ဧရာမင်း(ဆန်)၂၄ ပြည်ပါ   တစ်အိတ်လျှင်  ကျပ် ၁၃၀ဝ၀ဝ ၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ် အိတ်လျှင် ကျပ် ၇၀ဝ၀ဝ များဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ၃၂၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ် လျှင် ကျပ် ၁၁၀ဝ၀ဝ၊ ငစိန်(စပါး)တင်း ၁၀ဝ လျှင် ၃၁၀ဝ၀ဝ၀၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၀ဝ၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၅၀ဝ၀ဝ၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၁၀ဝ၀ဝ၀၊ နွေစပါး(ဒေသမျိုး)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၅၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ဆန် တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊ နွေစပါး (ဆင်း-၃)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၅၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင်  ကျပ် ၃၅၀ဝ၀ဝ၀၊  ပေါ်ဆန်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ မနောသုခ(စပါး) တင်း ၁၀ဝလျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 
ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊  ဧရာမင်း (ဆန်)၂၄ပြည် တစ် အိတ်လျှင် ကျပ် ၁၂၈၀ဝ၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၄၀ဝ၀ဝ၀၊ ပေါ် ဆန်း (ဆန်)၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၂၃၀ဝ၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀၊ ရွှေဝါထွန်း (ဆန်)၂၄ ပြည် တစ်အိတ်မှာ ကျပ် ၇၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။ 
စစ်ကိုင်းတိုင်းဒေသကြီးမှ အောက်တိုဘာလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများ သို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၃၀ဝ၊ မန္တလေး သို့အိတ်ရေ ၁၈၃၀ဝ၊ မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည်တော် သို့ အိတ်ရေ ၆၅၀ဝ၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅၀ဝ၀၊ ရှမ်း (မြောက်) သို့  အိတ်ရေ ၅၀ဝ၀၊ ကချင်သို့ အိတ်ရေ ၅၀ဝ၊ စုစုပေါင်း အိတ်ရေ ၅၃၆၀ဝ အိတ်၊ တန်အားဖြင့် ၂၆၈၀ စီး ထွက်ခဲ့ပြီး၊ ယခု အောက်တိုဘာလ တတိယပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသ ကြီးများသို့  ဆန်စီးထွက် မှုမှာ ရန်ကုန်သို့  အိတ်ရေ ၁၆၆၀ဝ၊ မန္တလေးသို့ အိတ်ရေ ၁၈၂၀ဝ၊ မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည်တော်သို့ အိတ် ရေ ၄၅၀ဝ၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀ဝ၊ ရှမ်း(မြောက်) သို့အိတ်ရေ ၂၅၀ဝ၊ ကချင်သို့ အိတ်ရေ ၅၀ဝ၊ စုစုပေါင်း အိတ် ရေ ၄၅၈၀ဝ အိတ်၊ တန်အားဖြင့် ၂၂၉၀ စီးထွက်ခဲ့သည့် အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အိတ်ရေ ၇၈၀ဝ အိတ်၊ တန်အားဖြင့် ၃၉၀ လျော့နည်း စီး ထွက်ခဲ့ကြောင်း သိရှိရသည်။    

 

တင်မာဝေ(မုံရွာ)