Main menu

Background

ဈေးအေးနေသည့် ပြည်ကြက်သွန်နီဈေးကွက်

Mon, 10/23/2023 - 14:13 -- journal_editor

ယခုအောက်တိုဘာလ တတိယပတ် ၁၆ ရက်မှ ၂၂ရက်ထိ ပြည်ကြက်သွန်နီ ဈေးကွက်သို့ တစ်ပတ်လျှင် ပိဿာချိန်ပေါင်း ငါးသောင်းခန့် ဝင်ရောက်မှုရှိနေကာ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းဘက် တို့မှ အများဆုံးဝင်ရောက်မှုရှိနေကြောင်း သိရသည်။ 
ပြည်ဈေးကွက် အရောင်းအဝယ်အနေဖြင့် ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ (ကြံခင်း) နှင့် ရခိုင်(တောင်ကုတ်)ဘက်တို့သို့ စီးဆင်းမှုရှိနေပြီး ဒေသတွင်းဝယ် လက်များ၊ နယ်အိတ်ဆွဲ ဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်မှာ ပုံမှန်ရှိ နေသည်။
ယခုတစ်ပတ်ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး ကျပ် ၃၀ဝ၀-၂၉၀ဝ-၂၈၀ဝ နှုန်းတို့ရှိပြီး ပြည်မြို့ပေါ်ရှိ လက်လီဈေးများတွင် ကျပ် ၃၅၀ဝ-၃၃၀ဝ-၃၄၀ဝ-၃၂၀ဝ နှုန်းတို့ဖြင့် ရောင်းဝယ်မှုရှိနေသည်။  လက်ရှိ တွင် အမြင့်ဈေး ကျပ် ၃၃၀ဝ ဝန်းကျင်နှင့် ဈေးငြိမ်နေလျက်ရှိသည်။ ၂၀၂၃ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ပြည်ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ (အလတ်စ)ဈေးနှုန်းများမှာ-
စဉ်    လအမည်    လက်ကားဈေး    လက်လီဈေး
၁။     ဧပြီ                 ၁၄၀ဝ            ၁၆၀ဝ
၂။    မေ                   ၂၁၀ဝ             ၂၃၀ဝ
၃။    ဇွန်                  ၂၃၀ဝ              ၂၅၀ဝ
၄။    ဇူလိုင်              ၂၅၀ဝ              ၂၆၀ဝ    
၅။    သြဂုတ်           ၂၉၀ဝ              ၃၁၀ဝ
၆။    စက်တင်ဘာ    ၃၅၀ဝ             ၃၇၀ဝ
၇။    အောက်တိုဘာ  ၃၂၀ဝ             ၃၃၀ဝ

ဝင်းလဲ့ဝါ (ပြည်)