Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Mon, 11/20/2023 - 10:30 -- journal_editor

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ် သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များ အနေဖြင့် ကလေးခရိုင်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်း ငယ်ကျ၍  ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တို့တွင် ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး   ကျန်ခရိုင်များတွင်   ဈေးအေးနေ ကြောင်း သိရှိရသည်။
    စစ်ကိုင်း တိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ တတိယ ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘို ခရိုင် ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀ဝလျှင် ကျပ် ၃၇၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။ ရေဦးခရိုင် ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊  ဧရာမင်း(ဆန်) ၂၄ ပြည်ပါ  တစ်အိတ် ကျပ် ၁၄၀ဝ၀ဝ ကျပ်၊ နွေစပါး (ရွှေဝါထွန်း)စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃၀ဝ၀ များဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်) ‌၂၄ ပြည်ပါ တစ်အိတ်လျှင်  ကျပ် ၁၀၅၀ဝ၀၊ ငစိန်(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ငစိန်(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်  ကျပ် ၉၅၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၉၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၁၀ဝ၀ဝ၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
         ကသာခရိုင် အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၉၀ဝ၀ဝ၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၅၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ် လျှင် ကျပ် ၁၂၀ဝ၀ဝ၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊  နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၅၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၅၀ဝ၀ဝ၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ မနောသုခ(စပါး) တင်း ၁၀ဝလျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 
ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊  ဧရာမင်း (ဆန်)၂၄ပြည် တစ် အိတ်လျှင် ကျပ် ၁၂၇၅၀ဝ၊ ပေါ်ဆန်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၅၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၂၂၀ဝ၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၆၈၀ဝ၀ဝ၊ ရွှေဝါထွန်း(ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။ 
စစ်ကိုင်းတိုင်းဒေသကြီးမှ နိုဝင်ဘာလ ဒုတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန် စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅၇၅၀၊ မန္တလေးသို့ အိတ် ရေ ၁၇၉၀၅၊ မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ  ၃၂၀ဝ၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၄၀ဝ၊ ကယား  သို့ အိတ်ရေ ၄၀ဝ၊ ကချင်သို့  အိတ်ရေ  ၅၀ဝ ၊ စုစုပေါင်း အိတ်ရေ ၄၁၉၆၁  အိတ်၊ တန်အားဖြင့် ၂၀၉၈ စီးထွက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ တတိယပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့   ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၂၂၂၀ဝ၊ မကွေး သို့ အိတ်ရေ ၂၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ  ၄၃၀ဝ၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၈၀ဝ၊ မွန်ပြည်နယ်သို့အိတ်ရေ ၈၃၂၀၊ စုစုပေါင်း အိတ်ရေ ၅၉၄၇၃ အိတ်၊ တန်အားဖြင့် ၂၉၇၃ စီး ထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု တစ်ပတ်တွင် အိတ်ရေ ၁၇၅၁၂ အိတ်၊ တန်အားဖြင့်  ၈၇၅ တန် ပို၍စီးထွက်ခဲ့ကြောင်း သိရှိရသည်။

 

တင်တင်ဝင်း (မုံရွာ)