Main menu

Background

အရည်အသွေးစိတ်ချရသည့် ကုန်အမှတ်တံဆိပ် (logo)ပါသည့် ရွှေဘိုပေါ်ဆန်းဆန်

Mon, 11/20/2023 - 10:49 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၌ ရွှေဘိုပေါ်ဆန်း (GI) ရရှိရေးအတွက် ပြင်သစ်နိုင်ငံAFD (France Develop- ment Agency)  ၏  ထောက်ပံ့ကူညီမှုဖြင့်Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင် ဒေသဆိုင်ရာ အညွှန်းများကို အသိအမှတ်ပြုခြင်း နှင့် မြှင့်တင်ခြင်းစီမံကိန်း)ကိုGRETMyanmarအဖွဲ့အစည်းမှ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  
ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ် လုပ်တင်ပို့ ရောင်းချသူများအသင်းအနေဖြင့် ရွှေဘိုပေါ်ဆန်း (GI)အမှတ်တံဆိပ်ရစေရန် ကြိုးပမ်းဆောင်ရွက်နေသည့် အပြင် ဈေးကွက်အတွင်း၌ ရွှေဘိုပေါ်ဆန်းဆန်ကို အခြားဆန် များနှင့် ရောနှောရောင်းချခြင်းနှင့် အတုအပများ ရောင်းချ ခြင်းမှ ကာကွယ်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ  စတင်၍ ရွှေဘိုပေါ်ဆန်း ဆန်အိတ်များတွင် ရွှေဘိုပေါ်ဆန်း ကုန် အမှတ်တံဆိပ် (ူသါသ)ကိုရိုက်နှိပ်ပြီး စတင် ထုတ်ဝေတော့မည် ဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းကုန်အမှတ်တံဆိပ် (Logo) ပါသည့်ဆန်များကို ရွေးချယ်ဝယ်ယူခြင်းအားဖြင့် ရွှေဘို ပေါ်ဆန်း (G.I)ဧရိယာမြို့နယ်များတွင်ရှိသော တောင်သူများ က စိုက်ပျိုးထုတ်လုပ်ထားသည့် ရွှေဘိုပေါ်ဆန်းဆန်စစ်စစ် ကို ရရှိစေနိုင်ခြင်း၊ ရွှေဘိုပေါ်ဆန်း    Inspector အဖွဲ့များနှင့် အရည်အသွေးကို စနစ်တကျစမ်းသပ်စစ်ဆေးထား၍ အရည် အသွေးအာမခံချက်ရှိခြင်း၊ အတုအပများ အရောအနှောကင်း ခြင်း၊ စစ်မှန်သည့် အရည်အသွေးအပေါ် အာမခံခြင်းများ အပြင် နောက်ကြောင်းပြန်စစ်ဆေးမှုများ ဆောင်ရွက်နိုင် သဖြင့်  ရွှေဘိုပေါ်ဆန်းဆန် စစ်စစ်ကိုသာ ဝယ်ယူရောင်းချ လိုသော  လုပ်ငန်းရှင်များနှင့် စားသုံးလိုသော ပြည်သူများ အနေဖြင့် ရွှေဘိုပေါ်ဆန်းကုန်အမှတ်တံဆိပ် Logo) ပါသော ဆန်အိတ်များကို ဝယ်ယူအသုံးပြုနိုင်ကြောင်း သိရသည်။

 

နှင်းနှင်းခိုင်(ရွှေဘို)