Main menu

Background

မကွေးတိုင်းဒေသကြီး သရက်ခရိုင် စပျစ်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

Mon, 11/20/2023 - 12:29 -- journal_editor

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊အထက် မင်းလှရှိ   ရွာတော်၊ ပန်းတော်ပြင်၊ မယ်ဇလီတော ကျေးရွာတို့တွင် စပျစ်သီးကိုစီးပွားဖြစ် စိုက်ပျိုးကြ ကြောင်း သိရှိရသည်။ 
စပျစ်မျိုးပေါင်း ၈၀ဝ၀ ကျော်ရှိသည့်အနက်မှ (ြူခေု ျှကနနည)စပျစ်မျိုးကိုသာ        စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့စိုက်ပျိုးခြင်း၊ ကိုင်း ကူးစိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်၍ ပျိုးထောင်စိုက်ပျိုး ခြင်းဟူ၍သုံးမျိုးရှိရာ    ကိုင်းဖြတ်ပျိုးထောင်စနစ် ကိုအသုံးပြုပြီး ကြိုးတန်းစနစ်ဖြင့်မစိုက်ဘဲ စင်တင် စနစ်ဖြင့်သာ စိုက်ပျိုးထားကြောင်း၊စပျစ်မှာနှစ်ရှည် ပင်ဖြစ်၍ စတင်စိုက်ပျိုးချိန်မှ တစ်နှစ်အကြာတွင် အသီးခူးရကြောင်း၊ စိုက်ပျိုးနည်းစနစ်ပေါ် မူတည် ၍လည်း တစ်နှစ်လျှင်နှစ်သီးမှသုံးသီးခူးနိုင်ကြောင်း၊ ပုံမှန်အားဖြင့်   မိုးရာသီတွင် သီးသောအသီးနှင့် ဆောင်းရာသီတွင်  သီးသောအသီးဟူ၍ရှိပြီး   မိုး စပျစ်မှာ ဧပြီလတွင်   အဖူးစတင်ပွင့်ပြီး   ဆောင်း စပျစ်မှာ နိုဝင်ဘာလတွင်ပွင့်ကြောင်း၊ အဖူးပွင့်ပြီး ၁၅ ရက်အကြာတွင် အသီးတင်ကာ ရက်ပေါင်း၁၂၀ ကျော်တွင် ခူးရကြောင်း၊ဓာတ်မြေသြဇာမှာဆောင်း စပျစ်တွင် ပိုကျွေးရကြောင်း၊    ရေသွင်းစိုက်ပျိုးရ သည်ဆိုသော်လည်း အသီးသီးချိန်တွင်  ရေလျှော့ သွင်းရကြောင်း၊ ရေသွင်းများပါက အသီးများ  ကွဲ တက်ပြီး  အသီးမတင်ဘဲဖြစ်တတ်ကြောင်း၊ မိုးရာသီ စပျစ်မှာ မချိုသောကြောင့် အရည်အသွေးညံ့သဖြင့် ဝိုင်ထုတ်လုပ်ရန်အတွက်      ကုန်ကြမ်းပြုလုပ်ပြီး စပျစ်ဝိုင်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းသို့ တင် ပို့ကြောင်း၊ ဆောင်းစပျစ်မှာချို၍အရည်အသွေး ကောင်းသဖြင့်  ရောင်းတန်းဝင်ကြောင်း၊  စပျစ်သီး ဈေးနှုန်းမှာယခင်နှစ်တွင်(ြူခေု ျှကနနည)စပျစ်သီး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ရကြောင်း၊ ဆောင်း ရာသီတွင် စပျစ်အထွက်နှုန်းကောင်းလျှင် အမြတ် ပိုမိုရရှိကြောင်း၊ စပျစ်စိုက်ပျိုးသူ ဦးစိုးနိုင်ထံမှ သိရှိ ရသည်။     

နှင်းလွင်ဦး