Main menu

Background

မိုးညှင်းခရိုင်အတွင်း မိုးစပါး ရိတ်သိမ်းပြီးစီးမှုနှင့် ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ

Wed, 12/20/2023 - 10:31 -- journal_editor

ကချင်ပြည်နယ် မိုးညှင်းခရိုင်သည် မိုးစပါးကိုသာအဓိကထား စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့် စပါးအမျိုးအစားများမှာ ဆင်းဧကရီ (၃)၊ ဧရာမင်း၊ ငွေတိုး၊ ကောက်ညှင်းနှင့် တောင်ယာစပါးတို့ကို စိုက်ပျိုးကြသည်။ 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးစပါး ၂၅၂၃၁၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒီဇင်ဘာလ ဒုတိယပတ်အထိ ၂၄၇၂၀၄ ဧက ရိတ်သိမ်းပြီးစီးခဲ့ရာ အထွက်နှုန်းအနေဖြင့် ပျမ်းမျှ ၇၇ ဒသမ ၁၇ တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
ကောက်သစ်စပါးဈေးနှုန်းများမှာ ငွေတိုးစပါးတစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ၊ ဧရာမင်း စပါးတစ်တင်းလျှင် ကျပ် ၂၂၅၀ဝ၊ ဆင်းဧကရီ(၃) စပါးတစ်တင်းလျှင် ကျပ် ၁၄၀ဝ၀ နှင့် ဆင်းဧကရီ(၃) စပါးအဟောင်းတစ်တင်းလျှင် ကျပ် ၁၆၀ဝ၀ ဖြင့် အရောင်း အဝယ် ဖြစ်နေသည်။
ဆန်ဈေးနှုန်းများမှာ  ငွေတိုးဆန် တစ်ပြည်လျှင် ကျပ် ၄၈၀ဝ၊ ငွေတိုးဆန် တစ်အိတ်လျှင် ကျပ် ၁၀၆၀ဝ၀၊ ဧရာမင်းဆန် တစ်ပြည်လျှင် ကျပ် ၅၀ဝ၀၊ ဧရာမင်းဆန် တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ဆင်းဧကရီ(၃) တစ်ပြည်လျှင် ကျပ် ၃၂၀ဝ၊ ဆင်းဧကရီ (၃) တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၅၂၀ဝ၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။                                                                                            

ယွန်းနန္ဒာ(မိုးညှင်း)