Main menu

Background

ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် မိုးစပါး ရိတ်သိမ်းပြီးစီးမှု အခြေအနေ

Wed, 12/20/2023 - 10:32 -- journal_editor

ပခုက္ကူခရိုင်  ပေါက်မြို့နယ်တွင်  မိုးစပါးစိုက်ပျိုးဧက ၁၂၀ဝ၀ ကျော်ရှိပြီး စိုက်ပျိုးသည့် စပါးမျိုးများမှာ ဧရာပဒေ သာ၊ မနောသုခ၊ ဆင်းသုခမျိုးများဖြစ်ပြီး စပါးပင်များကို စတင်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကောက်စိုက်သမ ရှစ်ဦး ဖြင့် စိုက်ပျိုးကြပြီး လုပ်သားခ တစ်ဦးလျှင် ကျပ် ၁၀ဝ၀ဝ ပေး ရကြောင်း၊ စတင်စိုက်ပျိုးသည်မှစ၍  အသုံးပြုသော မြေဆီမှာ ပုလဲမြေသြဇာကို အသုံးပြုရပြီး  ပုလဲမြေဆီမှာ ဝယ်ယူရာတွင် အခက်အခဲများ  ရှိသောကြောင့်  နွားချေးကိုသာ အသုံးပြု ကြောင်း၊  တစ်ဧက စိုက်ပျိုးမှုမှာ တစ်တင်းခွဲခန့် စိုက်ပျိုးမှုရှိ ကြောင်း၊ မနောသုခမှာ ရက်ပေါင်း ၁၄၀ ပြည့်မှသာ စတင် ရိတ်သိမ်းကြပြီး၊  ဆင်းသုခမှာ ရက်ပေါင်း ၁၂၀ ပြည့်မှသာ ရိတ်သိမ်းကြကြောင်း ပေါက်မြို့နယ် စပါးစိုက်တောင်သူထံမှ သိရသည်။ 
ယခုအခါ ပေါက်မြို့နယ်တွင် မိုးစပါးများစတင်ရိတ် သိမ်းနေကြကြောင်း၊ တစ်ဧကလျှင် အထွက်နှုန်းမှာ တင်း ၈၀ မှ တင်း ၉၀ အထိထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းကျော်ဝန်းကျင် ကုန်ကျကြောင်း၊ ကုန်ကျစရိတ် မှာလည်း နယ်မြေဒေသကိုလိုက်၍ ကွဲပြားခြားနားမှုရှိပြီး စပါး တစ်တင်း  ရောင်းချမှုဈေးနှုန်းမှာလည်း မတူညီကြကြောင်း၊ မြို့ပေါ်အနေဖြင့် စပါးတစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဝန်းကျင် ရှိသော်လည်း တချို့နေရာဒေသများတွင် ကျပ် ၂၀ဝ၀ဝ ဝန်း ကျင်ရှိပြီး မိုးစပါးသီးနှံ စိုက်ပျိုးတောင်သူများအနေဖြင့် ထိုက် သင့်သည့် အကျိုးအမြတ်ရရှိကြောင်း စပါးစိုက်တောင်သူများ ထံမှ သိရသည်။                                    

 

  လှိုင်ဥမ္မာဦး (ပခုက္ကူ)