Main menu

Background

ပခုက္ကူမြို့၏ ဆန်ဈေးနှုန်း ဈေးကွက် အခြေအနေ

Mon, 01/01/2024 - 11:30 -- journal_editor

ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြား တိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်သည်။ ဧရာဝတီတိုင်း ဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း  နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ 
ပခုက္ကူဒေသတွင် ဒီဇင်ဘာ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆန်ဈေးနှုန်းများမှာ ယခင် နိုဝင်ဘာ တတိယပတ်ထက် ဈေးနှုန်း အနည်းငယ်တက်လာသည်ကို တွေ့ရှိရသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြဧရာပဒေသာဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်  ၁၂၅၀ဝ၀ မှ ၁၃၅၀ဝ၀၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာတစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ ရှိသည်။ ဧည့်မထ ဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ်၉၃၅၀ဝ၊ အောင်သုခဆန်  တစ်အိတ် လျှင် ကျပ် ၉၃၅၀ဝ၊ လိပ်မလေးဆန် တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ ဧရာမင်းဆန် တစ်အိတ်လျှင် ကျပ်  ၈၉၀ဝ၀၊ မနောသုခ တစ်အိတ်လျှင် ကျပ် ၈၆၀ဝ၀၊ ရက် ၉၀ ဆန် တတိယတန်းစား တစ်အိတ် လျှင် ကျပ် ၇၈၀ဝ၀၊ ရက်(၉၀)ဆန် ဒုတိယတန်းစား တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ နေလ  ဧရာပဒေသာ ဆန်(ရှယ်) တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀ ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသောဆန်ဖြစ်ပြီး မြောင်းမြဒေသ မှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်သည်။ ရွှေဘိုပေါ်ဆန်း မွှေးမှာ ပိုမိုအရည်အသွေးကောင်းမွန်ပြီး ဒီဇင်ဘာ တတိယပတ်တွင် တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀ နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရသည်။
စန်းမြင့်ရီ(ပခုက္ကူ)