Main menu

Background

ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်း ဆောင်းပဲသစ်များ ဝင်ရောက်မှုများလာပြီး ပဲဈေးနှုန်း မြင့်တက်လာခဲ့

Mon, 01/01/2024 - 12:11 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ် များ နေ့စဉ် ဝင်ရောက်လာပြီး အထွက်လှိုင်လာပြီဖြစ်၍ တစ်ရက် အိတ် ၇၀ဝ-၈၀ဝ ကျော်ထိ ဝင်ရောက်မှုရှိလာခဲ့သည်။ ပြည်အနီး တစ်ဝိုက်ဒေသများမှ ဝင်ရောက်ခြင်းဖြစ်သလို ပေါင်းတလည်၊ ပေါက် ခေါင်းမြို့နယ်များမှလည်း ဝင်ရောက်ခဲ့သည်။ 
ဝယ်လိုအားအနေဖြင့် မန္တလေးလိုင်းသမား အဓိက ဝယ်ယူမှု ရှိကာ တစ်ခါတစ်ရံ ရန်ကုန်ဝယ်လက်များလည်း ဝယ်ယူမှုရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ပဲတစ်တင်း ကျပ် ၆၄၀ဝ၀ မှ ကျပ် ၆၅၀ဝ၀ အထိ ပဲအရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်မှုဖြစ်ကြ သည်။ ယခုနှစ်ကုန်ပိုင်းကာလတွင်   ပဲဈေးကွက်အတွင်း ပဲသီးနှံ အားလုံးလိုလို ဈေးကောင်းရနေသဖြင့် ပဲတီစိမ်းသီးနှံသည်လည်း အခြားပဲများနည်းတူ ဈေးမြင့်တက်လာခဲ့သည်။
ပဲသစ်စဝင်ချိန်ကာလ ပဲတစ်တင်း ကျပ် ၅၄၀ဝ၀  ဖြင့်သာရောင်း ဝယ်ခဲ့ကြသည့်အတွက် ယခုလမှာ တစ်တင်း ကျပ်တစ်သောင်းကျော် အထိ မြင့်တက်လာခဲ့သည်။ ပဲတီစိမ်းသီးနှံသည် မတ်ပဲ၊ ကုလားပဲ သီးနှံများကဲ့သို့ တစ်နှစ်တာကာလပတ်လုံး ဈေးကွက် အတွင်း ရောင်း ဝယ်နေခြင်းမဟုတ်ဘဲ  ပဲထွက်ပေါ်ချိန်ကာလသာ ရောင်းဝယ်မှု အဖြစ်များသည့် သီးနှံဖြစ်သည်။
ပဲတီစိမ်းသီးနှံအား ပြည်ခရိုင်တွင် မိုးပဲနှင့်  ဆောင်းပဲ  နှစ်ရာသီ ထွက်ပေါ်ကြောင်း သိရပြီး မိုးပဲတီစိမ်းသီးနှံမှာ ဈေးကွက်သို့ ဇူလိုင်၊ သြဂုတ်လများတွင် ဝင်ရောက်ခဲ့ကာ ဆောင်းပဲတီစိမ်းသီးနှံများသည် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အများအပြား ဝင်ရောက်မှုရှိသည်ဟု သိရသည်။
ခင်ဆွေဝင်း(ပြည်)