Main menu

Background

ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

Mon, 01/01/2024 - 13:25 -- journal_editor

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများစိုက်ပျိုးသည့်အပြင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင် သီးနှံဖြစ်သည့် တိုင်ထောင် ပဲတောင့်ရှည်များကို  တစ်နိုင်တစ်ပိုင် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ပဲတောင့်ရှည် စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင် မျိုးများသာ အသုံးများကြောင်း၊ မျှားနီတံဆိပ် မျိုး တစ်ဘူးလျှင် ကျပ် ၂၀ဝ၀ဝခန့်  ပေးဝယ်ရကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခ၊ စုစုပေါင်း ကျပ် ၃၀ဝ၀ဝ၀ ခန့် ကုန်ကျ ကြောင်း သိရသည်။ 
အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားအပေါ် မူတည်ပြီး တစ်ဧက လျှင် ပိဿာ ၃၅၀-၄၀ဝ အထိ ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရာသီ ပေါ်စအချိန်တွင် ဖောက်သည်ဈေး တစ်ပိဿာလျှင်  ကျပ် ၁၅၀ဝ ၊ လက်လီ ဈေးနှုန်းတစ်ပိဿာလျှင်  ကျပ် ၂၀ဝ၀ ဖြင့် ရောင်းချရပြီး ယခု လှိုင်လှိုင်ထွက် ပေါ်ချိန်တွင် ဖောက်သည်ဈေး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ၊ လက်လီဈေးနှုန်း အနေဖြင့် တစ်ပိဿာလျှင်ကျပ်  ၁၅၀ဝခန့်ရရှိကာ တောင်သူအကျိုးအမြတ် အနေဖြင့် ကျပ် ၃၀ဝ၀ဝ၀ ခန့် ရရှိသောကြောင့် စိုက်ပျိုးစရိတ်သက်သာပြီး အပိုဝင်ငွေလည်း ရရှိလျက်ရှိကြောင်း သိရသည်။             

 

  DOCA (မန္တလေး)