Main menu

Background

ကြံစိုက်ပျိုးမှုနှင့် သကြားထုတ်လုပ်မှုလုပ်ငန်း

Mon, 01/15/2024 - 11:46 -- journal_editor

တိုက်ကြီးမြို့နယ်တွင်  ဥက္ကံသကြားစက် တည်ရှိသောကြောင့် ကြံစိုက်ပျိုးသူ တောင်သူကြီးများ အဆင်ပြေပြေဖြင့် သကြားစက်သို့ ရောင်းချနိုင်ခဲ့ပြီး ကြံစိုက်ပျိုးမှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ဧကပေါင်း ၃၃၈၁ ဒသမ ၅၀စိုက်ပျိုးပြီး ခုတ်သိမ်းဧရိယာမှာ ၃၃၈၁ ဒသမ၅၀ ခုတ်သိမ်းခဲ့သည်။ 
ကြံအထွက်နှုန်းမှာ ၁၁ ဒသမ ၇၂ ရာခိုင်နှုန်းထွက်၍ ကြံတန် ၃၉၂၄၇တန်ထွက်ရှိသည်။ မျိုးသုံး/အလေအလွင့်မှာ ၁၂၀၂၆ ဒသမ ၄၃ တန်ဖြစ်ပြီး သကြားစက်သို့ ၂၇၂၂၀ ဒသမ ၅၆တန် ပေးသွင်းခဲ့သည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဧက၃၅၄၀စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ၂၈၉ ဧရိယာခုတ်သိမ်းပြီးစီးခဲ့၍ အထွက်တန်မှာ ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းရှိပြီး ၃၀၄၀ တန်ထွက်၍ အလေအလွင့်မှာ ၇၃၃ဒသမ ၂၃ တန်ဖြစ်ပြီး သကြားစက်သို့ ပေးသွင်းမှုတန်မှာ ၂၃၀၆ဒသမ ၇၇ဖြစ်သည်။ 
၂၀၂၃-၂၀၂၄ ကြံရာသီ ဥက္ကံသကြားစက်ရုံ၏ ကြိတ် ဝါးထုတ်လုပ်မှုမှာ ၂၂-၁၂-၂၀၂၃ ရက်တွင် သကြား စက် စတင် လည်ပတ် ခဲ့ပြီး ၃၁-၁၂- ၂၀၂၃နေ့ ဝယ်ယူရရှိတန် ၁၀၉၉၈ဒသမ ၆၂၅တန်အား ကြိတ်ဝါးခဲ့ရာ သကြားအထွက်တန် ၈၀၁ဒသမ၂၅တန် ထွက်ရှိခဲ့ သည်။ အထွက်ရာခိုင်နှုန်း ၇ဒသမ၂၉ ထွက်ရှိ၍ တင်လဲအထွက်တန် ၂၁၄တန် ထွက်ရှိခဲ့ရာ ရာခိုင်နှုန်း ၁ဒသမ၉၅ ထွက်ရှိပြီး ဥက္ကံသကြား စက်မှ ၂၄-၁-၂၀၂၄ ရက်နေ့တွင် ကြံများဝယ်ယူ ပြီး သကြားများ  ကြိတ်ခွဲသွားမည်ဖြစ်ကြောင်းနှင့် ကြံစိုက်တောင်သူများလည်း ကြံသီးနှံ စိုက်ပျိုးမှုကြောင့် ကြံမှသကြား အဆင့်ဆင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။                                      

 

 တင်တင်ဌေး (ရန်ကုန်)