Main menu

Background

၂၀၂၃-၂၀၂၄ မွန်ပြည်နယ် မိုးစပါး(ဧည့်မထ) စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Mon, 02/05/2024 - 09:45 -- journal_editor

မွန်ပြည်နယ်သည် ဆန်စပါးဖူလုံမှုရှိသော ပြည်နယ်တစ်ခုဖြစ် သည့်အတွက် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟခြင်းကို လျှော့ချ နိုင်ရန် မြို့နယ်များအလိုက်ကျေးရွာများအား ဖွံ့ဖြိုးတိုးတက်လာစေ ရေး နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ လယ်ယာကဏ္ဍာအနေဖြင့် ယခုနှစ်မိုးရာသီတွင် မိုးစပါး ကို ရည်မှန်းချက်ဧကအတိုင်း အကောင်အထည်ဖော် စိုက်ပျိုးနိုင် ခဲ့သည်။
မွန်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး(ဧည့်မထ)စိုက်ပျိုးထွက်ရှိမှုမှာ  စိုက်ဧက ၆၉၆၂၉၈ ဧက၊ ရိတ်ဧက ၆၇၂၉၆၈ ဧက၊ အထွက်တင်း ၄၄၁၆၅၃၈၅ ဧကထွက်ရှိပြီး ယခင်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး(ဧည့်မထ) စိုက်ဧက ၆၈၇၈၂၈ ဧကနှင့် နှိုင်းယှဉ်ပါက ဧက ၈၄၇၀  ခန့်  ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်ကို တွေ့ရှိရ သည်။ တစ်ဧက အကျိုးအမြတ်အနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် တွင် ကျပ်  ၁၆၀၃၅၀ ပိုမိုအကျိုးအမြတ်ရရှိသည်ကို တွေ့ရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မွန်ပြည်နယ်၏ မိုးစပါး(ဧည့်မထ)ဖူလုံမှုအခြေအနေမှာ အထွက်(တင်း)  ၄၄၁၆၅၃၈၅ ထွက်ရှိပြီး ပြည်နယ်လူဦးရေ၏ စုစုပေါင်းသုံးစွဲမှုမှာ ၃၅၁၀၁၆၀၉ (တင်း) ခန့် ရှိပြီး  ပြည်နယ်အတွင်း ထွက်ရှိမှု၏ ၉၀၆၃၇၇၆ (တင်း ) ခန့်ပိုလျှံမှုရှိ သည်ကို တွေ့ရသည်။ 
ဈေးနှုန်းဈေးကွက်အခြေအနေ
ဇန်နဝါရီ နောက်ဆုံးပတ်တွင်  ပေါ်ဆန်း(စပါး)အသစ် (၄၆)ပေါင်  တင်း၁၀ဝ လျှင် ကျပ် ၂၉၇၀ဝ၀ဝ  ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက စပါး(၄၆)ပေါင် ၁၀ဝ တင်းလျှင်  ကျပ် ၁၇၀ဝ၀ဝ ခန့် ဈေးနှုန်းမြင့်တက် လာသည်။ ယခင်နှစ် ကာလ တူနှင့်  နှိုင်းယှဉ်ပါကလည်း ကျပ် ၁၆၇၀ဝ၀ဝ ခန့် ဈေးနှုန်းမြင့်တက် လာခဲ့သည်။ 
ပေါ်ဆန်း(ဆန်)အသစ် ၂၄ ပြည် တစ်အိတ်လျှင်  ၁၁၈၀ဝ၀ ကျပ် တစ်ပြည်လျှင် ကျပ် ၅၁၀ဝ ဖြစ်ပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ် ပါက ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ယခင်နှစ် ဇန်နဝါရီ ၃၁ ရက် တွင် ပေါ်ဆန်းဆန် အသစ် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၅၄၀ဝ၀၊ တစ်ပြည်လျှင်  ကျပ် ၂၃၀ဝ နှင့်နှိုင်းယှဉ်ပါကလည်း တစ်အိတ်လျှင် ကျပ် ၆၄၀ဝ၀ နှင့် တစ်ပြည်လျှင်  ကျပ် ၂၈၀ဝ ခန့် ဈေးနှုန်းမြင့်တက် လာခဲ့သည်ကို တွေ့ရှိရသည်။ 
ဧည့်မထ
ဧည့်မထစပါးမှာ ဇန်နဝါရီလ  စတုတ္ထပတ်တွင်  ဧည့်မထ (စပါး) အသစ် (၄၆)ပေါင် တင်း၁၀ဝ လျှင် ကျပ် ၁၉၇၅၀ဝ၀ ပေါက် ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက စပါး(၄၆)ပေါင်  တင်း ၁၀ဝ လျှင်  ကျပ် ၂၅၀ဝ၀ခန့် ဈေးနှုန်းမြင့်တက်လာပြီး ယခင် နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကျပ် ၉၇၅၀ဝ၀ ခန့် ဈေးနှုန်းမြင့်တက် လာခဲ့သည်။  
ဧည့်မထ(ဆန်)အသစ် ၂၄ပြည်တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ တစ်ပြည်လျှင် ကျပ် ၃၃၀ဝ နှင့်နှိုင်းယှဉ်ပါကလည်း တစ်အိတ်လျှင် ကျပ် ၇၀ဝ၀၊ တစ်ပြည်လျှင် ကျပ် ၃၀ဝ ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ သည်။ ယခင်နှစ်တွင် ဖြစ်ပေါ်ခဲ့သော  ဧည့်မထ(ဆန်)အသစ် ၂၄ ပြည် တစ်အိတ်လျှင်ကျပ် ၃၉၀ဝ၀ တစ်ပြည်လျှင်ကျပ် ၁၇၀ဝနှင့် နှိုင်းယှဉ်ပါကတစ်အိတ်လျှင်ကျပ် ၃၆၀ဝ၀ နှင့် တစ်ပြည်လျှင်ကျပ် ၁၆၀ဝ ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။
စီးဝင်/စီးထွက်မှု
မွန်ပြည်နယ်အတွင်းသို့ ဇန်နဝါရီလ တတိယပတ်အတွင်း ပေါ်ဆန်း(ဆန်) ဝင်ရောက်မှုမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၁၈၀၃၉ အိတ်၊ ၉၀၂ တန်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အိတ် ၁၃၂၇၇၀၊ ၆၃၉တန်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၄၄၁၅ အိတ်၊ ၂၂၁တန်၊စုစုပေါင်း ၁၇၀၂ တန်ခန့် စီးဝင်လျက်ရှိပြီး ပြည်နယ်တွင်းမှစီးထွက်မှုမှာ  ကရင်ပြည် နယ်သို့ ပေါ်ဆန်းဆန် တန် ၄၀၊ ကမာကြည်(ဆန်)၂၇တန်၊ ဧည့်မထ ဆန် ၃၁ တန်၊ စုစုပေါင်း ၉၇ တန်ခန့် စီးထွက်ခဲ့ကြောင်း ပြည်နယ် ဆန်ကုန်သည်အသင်းထံမှ သိရှိရသည်။
ယခုအချိန်တွင်   တောင်သူများလက်ဝယ်တွင်(မိုးစပါး)အဟောင်းများ မရှိတော့ခြင်း၊ သွင်းအားစုများဖြစ်သော ဓာတ်မြေ သြဇာနှင့်  ပိုးသတ်ဆေးဈေးနှုန်များ မြင့်တက်လာခြင်း၊ စက်သုံးဆီ   ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် သယ်ယူခ နှုန်းထားများ မြင့်တက်လာမှုကြောင့် စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်းများ မြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်မြင့်မြတ်(မွန်)