Main menu

Background

မွန်ပြည်နယ် ကွမ်းသီး ဈေးကောင်းရ

Mon, 03/04/2024 - 09:37 -- journal_editor

မော်လမြိုင်ပေါ်ရှိ ကွမ်းသီးဈေးနှုန်းများမှာ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ရေပေါင်းခြမ်း တစ် ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ရေပေါင်းခြမ်း ၈၈ ရာခိုင်နှုန်းအခြောက် တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ ၊ ရေပေါင်း ခြမ်း ၉၉ ရာခိုင်နှုန်း အခြောက် တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ ကွမ်းသီးစိတ် အစာသန့်(ခြောက်) တစ်ပိဿာ လျှင် ကျပ် ၆၀ဝ၀၊ ကွမ်းသီးခြမ်း ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ကျပ်  ၆၅၀ဝ၊  ရှယ်ဝိုင်း-ခြောက် (အလယ် သား) တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ရှိကြောင်းသိရသည်။
ယခင် ဇန်နဝါရီလအတွင်း ကွမ်းသီးဈေးနှုန်းများမှာ ရေပေါင်းခြမ်း တစ်ပိဿာလျှင် ကျပ် ၄၄၀ဝ ၊ ရေပေါင်းခြမ်း (၈၈ ရာခိုင်နှုန်း အခြောက်) တစ်ပိဿာ လျှင် ကျပ် ၄၉၀ဝ၊ ရေပေါင်းခြမ်း (၉၉ ရာခိုင်နှုန်း အခြောက်)တစ်ပိဿာလျှင် ကျပ်  ၅၄၀ဝ၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ ကွမ်းသီးခြမ်း ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ကျပ် ၆၄၀ဝ၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ဖြစ်သည်။
ထို့ကြောင့် ယခင်လနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၄၀ဝ နှင့် ကျပ် ၅၀ဝ ခန့် ဈေးနှုန်းမြင့်တက် ကြောင်းသိရသည်။ ကွမ်းသီးထွက်ရှိသည့် ရာသီကုန်ဆုံးခြင်းနှင့် ဒေသတွင်းကွမ်းသီးဝယ်လက် များပြားနေ ခြင်းတို့ကြောင့် ကွမ်းသီးဈေးနှုန်း မြင့်တက်ခြင်းဖြစ်ကြောင်းသိရသည်။                            

 

  ခင်ကြည်(မွန်)