Main menu

Background

ဆောင်းပဲတီစိမ်း ဈေးကောင်းရ

Mon, 03/04/2024 - 09:52 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲတီစိမ်းကို တစ်မြို့နယ်လုံးတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ဧက ၁၀၅၀၁၇ အား လျာထားစိုက်ပျိုးရာ ရာနှုန်းပြည့် ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ သည်။  ခရမ်းမြို့ နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေ ကောင်းမွန်မှုတို့ ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ်ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ပဲတီစိမ်းသီးနှံကို အဓိက အားထား စိုက်ပျိုးခဲ့ရာ ယခုအခါတွင် ခရမ်းမြို့နယ်ရှိ ကျေးရွာအချို့မှ  လယ်ကန်သင်းရိုးပေါ်တွင် စိုက်ပျိုးထားသော ပဲတီစိမ်း စတင်ထွက်ပေါ်လျက်ရှိပြီး ပဲတီစိမ်းများအား စတင်ဝယ်ယူလျက်ရှိရာ ပဲတီစိမ်းတစ်တင်းလျှင် အဖွင့်ဈေးမှာ  ကျပ် ၉၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်း  ဈေးနှုန်းမှာ  ယခင်နှစ်ထက် ဈေး ပိုရကြောင်း သိရသည်။ 

 

ကျော့ကေခိုင်