Main menu

Background

မကွေးတိုင်းဒေသကြီး ထွက်ကုန်

Mon, 03/04/2024 - 10:15 -- journal_editor

ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲကြီး
ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ပဲတီစိမ်းသီးနှံမှာ ၃၀ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၉၇၅၀ဝ-၁၀၅၀ဝ၀ ဖြင့် ဖေဖော်ဝါရီလ တတိယပတ်ထက် ကျပ် ၆၀ဝ၀ အကျဈေးဖြင့် ပစ္စည်းလက်ကျန်  မရှိသလောက်   နည်းသွားပြီး အရောင်း အဝယ် အေးလျက်ရှိကြောင်း၊ ဆောင်းမတ်ပဲသီးနှံမှာ ၃၀ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၁၄၆၂၅၀ ဖြင့် ယခင်တစ်ပတ် ထက် ကျပ် ၃၇၅၀ အကျဈေးဖြင့် တစ်နေ့လျှင် အိတ်ရေ ၃၀  မှ ၅၀ ခန့်ဝင်ရောက်လျက်ရှိကြောင်း၊ ဆောင်းမြေပဲသီးနှံမှာ တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ် ၆၁၀ဝ -၆၂၀ဝ ဈေးဖြင့် ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ-၂၀ဝ အကျ ဈေးဖြင့် ပိဿာ ၃၀ ဝင်အိတ်ဖြင့် ခုနစ်အိတ်မှ ၁၀ အိတ်ခန့် ဝင်ရောက်လျက်ရှိကြောင်း၊ ပဲကြီးသီးနှံမှာ ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၆၂၀ဝ၀ ဈေးဖြင့် ယခင်တစ်ပတ်ထက် ကျပ် ၁၈၀ဝ၀ အကျဈေးဖြင့် နေ့စဉ်အိတ်ရေ ၃၀ ဝန်းကျင်ခန့် ဝင်ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
စပျစ်သီး
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့ နယ်တွင်စပျစ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ မင်းလှမြို့ နယ်အတွင်း စပျစ်ခြံ ရှစ်ခြံရှိပြီး အပင် ၁၇၀ ခန့်စိုက်ပျိုးထားပြီး မျိုးအနေဖြင့် အဝိုင်းမျိုးနှင့် အချွန်မျိုး နှစ်မျိုးကိုသာ စိုက်ပျိုး ထားကြောင်း၊  စပျစ်ပင်စတင်စိုက်ပျိုးချိန်မှစ၍ တစ်ဧက ကုန် ကျစရိတ်အနေဖြင့် ကျပ် ၂၀ဝ၀ဝ၀ဝ ကျော်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စပျစ်ပင်များကို ကိုင်းဖြတ်စနစ် ဖြင့် စင်တင်စိုက်ပျိုးထားပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် စတင်ထွက်ရှိကြောင်း ဈေးနှုန်းမှာ  တစ်ပိဿာ လျှင် လက်လီဈေး ကျပ် ၁၅၀ဝ၀၊  လက်ကားဈေး ကျပ် ၁၂၀ဝ၀ ရှိပြီး  ဖေဖော်ဝါရီလ  စတုတ္ထပတ်တွင် လက်လီဈေး ကျပ် ၁၅၀ဝ၀၊ လက်ကားဈေး ကျပ် ၁၂၀ဝ၀ ဖြင့် ရောင်းချ ကြောင်း၊ ဈေးကွက်အနေဖြင့် ဘက်စုံလမ်းစုံရှိ သစ်သီးဝလံ အရောင်းအဝယ်ဆိုင်များနှင့် အထက်မင်းလှမြို့ ဇေယျာသီရိ ဈေးသို့ တင်သွင်းရောင်းချကြောင်း သိရသည်။
မေမြို့ပန်း
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစုကျေးရွာများမှ  တောင်သူများ သည်  မြေအောက်ရေကိုအသုံးပြု၍ မေမြို့ပန်းများ စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုနှစ်တွင် အပင်များအောင်မြင်ဖြစ် ထွန်းပြီး နုတ်ယူရောင်းချချိန်တွင် ဈေးကောင်းရရှိ၍ အဆင် ပြေလျက်ရှိကြောင်း သိရှိရသည်။
မေမြို့ပန်းအမျိုးမျိုးရှိရာ အက်စတာ၊ ကြက်လည်ဆံ၊ ရိုးစိမ်းကျောက်နီ၊ ခိုပြာမျိုးများကို ပိုမိုအားထားစိုက်ပျိုးကြ သည်။ ဈေးကွက်အနေဖြင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ စကု၊ ချောက်၊ မကွေးမြို့များသို့  တင်ပို့ရောင်းချကြောင်း၊ ဘုရားပန်းလှူခြင်း၊ အလှူ ၊ မင်္ဂလာဆောင်၊ ဧည့်ခံပွဲများတွင် အသုံးများလေ့ရှိကြပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် မေမြို့ ပန်းတစ်ပင်လျှင် ကျပ် ၁၀ဝ ခန့်ထိရရှိကာ ဝယ်လိုအားပေါ် မူတည်၍ အပင်ရေများများ ခူးဆွတ်ရောင်းချရသဖြင့်  မေမြို့ ပန်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ရွာသာကုန်းကျေးရွာရှိ မေမြို့ပန်း စိုက်သူတစ်ဦးထံမှ သိရသည်။

 

သင်းသင်းစိုး၊ နှင်းလွင်ဦး၊ နွဲ့ယဉ်ဝင်း