ကျောက်ဆည်ခရိုင်အတွင်း နနွင်းများကို ယခုနှစ် ပထမ ပတ်မှစတင်၍ တူးဖော်လျက်ရှိရာ ယခုအချိန်တွင် နနွင်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသည်။ နနွင်းစတင်တူးဖော်ချိန်တွင် ဈေးနှုန်းများ ကောင်းမွန်လျက် ရှိပြီး တောဝယ် နနွင်းအစိုတစ်တင်းလျှင် ကျပ် ၁၂၅၀ဝ-၁၄၀ဝ၀ အထိရောင်းချခဲ့ရပြီး ဖေဖော်ဝါရီဒုတိယပတ်မှစတင်၍နနွင်းဈေး များ ကျဆင်းလာပြီး တောဝယ် နနွင်းအစိုတစ်တင်းလျှင် ကျပ် ၁၁၂၀ဝ-၁၁၆၀ဝ အထိ ကျဆင်းခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဖေဖော် ဝါရီလတွင် နနွင်းတက်တစ်တင်းလျှင် ကျပ် ၈၈၀ဝ ၊ နနွင်းတက် အခြောက် တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ ၊ နနွင်းမှုန့်တစ်ဗူးလျှင် (၈၀ဝ-၁၀ဝ၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တောဝယ် နနွင်းတက်စိုတစ် တင်းလျှင် ၁၁၂၀ဝကျပ်၊ နနွင်းတက်အခြောက် တစ်ပိဿာလျှင် (၅၅၀ဝ)ကျပ်၊ နနွင်းမှုန့်တစ်ဘူးလျှင်(၁၀ဝ၀-၁၂၀ဝ)ကျပ် ဈေး များဖြင့် ရောင်းချရကြောင်း၊ နနွင်းများကို ပွဲစားများမှ အခင်းထဲ အရောက်လာရောက်ဝယ်ယူပြီး နနွင်းကို ရေနွေးဖျော အခြောက် ခံကာ မြို့ပေါ်ပွဲရုံများသို့သွားရောက်ရောင်းချကြောင်း၊ အချို့ပွဲစား များအနေဖြင့် နနွင်းတက်အခြောက်များကို လှောင်ထားပြီး ဈေးနှုန်းမြင့်တက်ချိန်မှသာ ထုတ်ရောင်းကြကြောင်း ၊ နနွင်းများကို ပွဲရုံများမှတစ်ဆင့် ရန်ကုန်-မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြ ကြောင်းသိရသည်။
မော်မော်အောင်