Main menu

Background

ပြည်ဈေးကွက်တွင် မြေပဲဆန်နှင့် မန်ကျည်းမှည့် ဈေးအနည်းငယ် မြင့်တက်လာ

Mon, 04/01/2024 - 09:58 -- journal_editor

ပြည်ဈေးကွက်တွင် မတ်လနောက်ဆုံးပတ်တွင် မြေပဲဆန်ဈေးများ ကျဆင်း လာခဲ့သည်။ ကံမနှင့်ရွှေတောင်ကျွန်းတဲဘက်မှ ဆောင်းမြေပဲဆန်များကို တစ်နေ့ လျှင် ပိဿာ၂၀ ဝင် အိတ် ၁၀ဝ၀ခန့် ပြည်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှုရှိနေပြီး အရောင်းအဝယ်အေးနေသည်။ နယ်ဝယ်လက်များ ဝယ်ယူမှုမရှိဘဲ ဒေသတွင်း ဆီစက်သမားများ မြေပဲလှော်သမားများက ဝယ်ယူမှုရှိသည်။ 
ဈေးနှုန်းအနေဖြင့် ယခုမတ်လ နောက်ဆုံးပတ်တွင်  မြေပဲဆီကြိတ်ဆန် (အဖြူ)တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၊ ဆီကြိတ်ဆန် (အနီ) တစ်ပိဿာလျှင် ကျပ် ၇၃၀ဝ  နှင့်  မြေပဲလုံးဆန် (အဖြူ) တစ် ပိဿာလျှင်  ကျပ် ၇၅၀ဝ ၊ (အနီ) တစ်ပိဿာ လျှင် ကျပ် ၇၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်လ နောက်ဆုံးပတ်တွင် နယ်ဝယ် လက်အဝယ် အေးသွားသော်လည်း ဆီစက်လုပ်ငန်းရှင်များ နှင့် မြို့တွင်း အဝယ်ရှိ၍ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာခဲ့သည်။ 
ပြည်ဈေးကွက်တွင်   မတ်လ  နောက်ဆုံးပတ်တွင် မန်ကျည်းမှည့်ဈေးများ မြင့်တက်လာခဲ့သည်။ မန်ကျည်းမှည့်မှာ ယခုလိုနွေရာသီအချိန်တွင် လူနှင့်တည့်၍ ဆေးအဖြစ် စားသုံးကြသလို ဟင်းချက်၍လည်း စားသုံးကြသဖြင့် အိမ်တိုင်းလိုလို မန်ကျည်းမှည့်ကို ဆောင်ထားကြသည်။ ယခုနှစ် မန်ကျည်းမှည့်ရာသီတွင် ဈေးများ မြင့်တက်လာသည်။ ယခုနှစ် မန်ကျည်းမှည့် ရာသီချိန် အစေ့ပါ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ အစေ့မပါ တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ဖြင့် ရောင်းချကြသည်။ ယခင် နှစ်တွင် မန်ကျည်းမှည့်ဈေးမှာ အစေ့ပါ တစ်ပိဿာလျှင် ကျပ်  ၂၅၀ဝ နှင့် အစေ့မပါ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ ဖြင့်ရောင်းချခဲ့သည်။  မန်ကျည်းမှည့်မှာ ယခုအချိန် တွင် ထွက်ရှိမှုနည်း၍  ဝင်ရောက်မှုနည်းသွားသဖြင့် ဈေးနှုန်းများ မြင့်တက်လာ သည်ကို သိရသည်။                                                                  

 

 ဝေဝေမင်း(ပြည်)