Main menu

Background

ပခုက္ကူကုန်စည်ဒိုင်တွင် မတ်လ(စတုတ္ထပတ်) ပဲမျိုးစုံနှင့် အာလူးဈေးကွက်

Mon, 04/01/2024 - 10:01 -- journal_editor

ပခုက္ကူခရိုင်  ပခုက္ကူမြို့နယ်သည်   ပဲမျိုးစုံဖြစ်သော ကုလားပဲဖြူလုံးကြီး၊ ကုလားပဲ ဝါ၊ ကုလားပဲဝါလုံးကြီးနှင့် စွန် တာနီ၊ ပဲလွန်းပြာ၊ ထောပတ်ပဲ၊  CP နှင့် ပဲနီပြား အမျိုးမျိုး  စိုက် ပျိုးထွက်ရှိလျက်ရှိသည်။  
ကျွန်းဦး၊ ကျွန်းညို၊ မြင်းကျွန်း၊ ဘောလုံးခုံနှင့် ပခုက္ကူ ကျွန်းများတွင် ကုလားပဲမျိုးစုံနှင့် ပဲနီပြားများကို အဓိကစိုက် ပျိုးထုတ်လုပ်လျက်ရှိသည်။ ပခုက္ကူကုန်စည်ဒိုင်သို့ ပခုက္ကူ မြို့နယ်သာမက မြိုင်၊ ရေစကြိုကျွန်းများနှင့် အခြားနယ်များမှ လည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန် စည်ဒိုင်မှ သိရသည်။ 
မတ်လ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ကုလားပဲသုံးမျိုး၏ ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(V2)တစ်တင်းလျှင် ကျပ် ၇၃၇၀ဝ၊ ကုလားပဲဖြူလုံးကြီး(V6) တစ် တင်းလျှင် ကျပ်၇၈၂၀ဝ၊ ကုလားပဲဝါ(Hl) တစ်တင်းလျှင် ကျပ် ၇၈၅၀ဝ၊ ကုလားပဲဝါ လုံးကြီး(929) တစ်တင်းလျှင် ကျပ် ၇၅၆၀ဝ၊ စွန်တာနီ(ကျွန်း) တစ်တင်းလျှင် ကျပ်၄၇၀ဝ၀၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၅၉၀ဝ၀၊ CPတစ်တင်းလျှင် ကျပ် ၁၅၈၀ဝ ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရသည်။ 
ပခုက္ကူခရိုင် အားလူစိုက်ပျိုးရာ နေရာဒေသများဖြစ် သော ကမ္မ၊ မြစ်ခြေ၊ ပေါက်နယ်များတွင် အာလူးကိုတစ်ကွင်း တစ်စပ်   ရေသွင်းစိုက်ပျိုးကြသည်။   အာလူးများကို တန် ဆောင်မုန်းလဆန်းတွင် စတင်စိုက်ပျိုးကြပြီး တပို့တွဲလကုန် တပေါင်းလဆန်းတွင် တူးဖော်ကြသည်။ အဓိက စိုက်ပျိုးသော အာလူးမျိုးများမှာ တရုတ်ဖြူမျိုးများဖြစ်ကြသည်။  ပခုက္ကူ ကုန်စည်ဒိုင်တွင် ဒေသထွက်အာလူးများသာမက ရှမ်းပြည် နယ်မှလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြကြောင်း ကုန်သည်ပွဲစားများထံမှ သိရသည်။
အာလူးများကို အလုံးအရွယ်အစားနှင့် နေရာဒေသ ပေါ်မူတည်၍ ဈေးနှုန်းများလည်း ကွာခြားလျက်ရှိသည်။ ကမ္မ၊ မြစ်ခြေ နှင့် ပေါက်နယ်များထွက်သော အာလူး လက် ကားဒိုင်ပြတ်ဈေးမှာ အလုံးကြီး ထိပ်စ တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ ၊ အလတ်စ တစ်ပိဿာလျှင် ကျပ်  ၁၇၀ဝ၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်၁၀ဝ၀ ဖြစ်ပြီး ရှမ်းပြည်နယ်မှ လာသော အာလူးမှာ တစ်ပိဿာလျှင်  ကျပ် ၂၀ဝ၀ ဈေးဖြစ်ကြောင်း ကုန်စည်ဒိုင်မှသိရပြီး  မြို့မစည်ပင်ဈေးနှင့် အမှတ်(၂) ဈေးတို့ တွင်  ရောင်းချနေသော  လက်လီဈေးမှာ အလုံးကြီး တစ် ပိဿာလျှင် ကျပ်၂၅၀ဝ၊ အလုံးအလတ် တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်၁၅၀ဝ-၁၇၀ဝ-၁၈၀ဝ ဈေးတို့ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များ ထံမှ သိရသည်။

လှိုင်ဥမ္မာဦး (ပခုက္ကူ)