Main menu

Background

ပြည်ဒေသထွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးနှင့် ပဲဈေးကွက်

Mon, 04/01/2024 - 10:06 -- journal_editor

ကြက်သွန်နီ
ပြည်ဈေးကွက်သို့ မကွေးတိုင်းဒေသကြီး တောင်တွင်း၊ ဆိပ်ဖြူ၊ သရက်၊ ရေနံချောင်း၊ စစ်တလင်း၊ ဖန်ခါးပင် စသည့် နယ်များမှ ကြက်သွန်နီ ပိဿာချိန် နှစ်သောင်းခန့် ဝင်ရောက် မှုများအပြင် ပြည်မြို့အနီးတစ်ဝိုက်ရှိ မှော်ဇာရွာ၊ တောင်လုံး ညိုရွာတို့မှထွက်ရှိသည့် ကြက်သွန်နီများလည်း ဈေးကွက် အတွင်း ပိဿာချိန် အနည်းငယ်  ဝင်ရောက်မှုရှိနေကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်း ဝယ်လက် များ၊ အိတ်ဆွဲ  ဝယ်ရောင်းသမားများ၊ ကြံခင်း၊ မြန်အောင်သို့ ဝင်ရောက်မှု၏  တစ်ဝက်နီးပါးခန့် ရောင်းဝယ်မှုရှိနေသည်။ 
ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/ လတ်/သေး ကျပ် ၂၃၀ဝ-၂၂၀ဝ-၂၁၀ဝ-၂၀ဝ၀-၁၉၀ဝ ရှိပြီး မြို့ပေါ်ဈေးများတွင် ကျပ် ၂၆၀ဝ၊ ၂၄၀ဝ-၂၂၀ဝ၊ ၂၁၀ဝ နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ကြက်သွန်ဖြူ၊ အာလူး
ပြည်ဈေးကွက်တွင် မန္တလေးဘက်မှဝင်သည့် ကြက် သွန်ဖြူ(ကြူကုတ်)မှာ တစ်ပတ်လျှင် ၁၃ ပိဿာ၊ ၁၅ ပိဿာ ဝင်ဆံ့သော အိတ် ၁၀ဝ၊ ၂၀ဝခန့် အဝင်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီ ကျပ် ၁၁၀ဝ၀၊  လက်ကား ကျပ် ၁၀ဝ၀ဝ ဈေးရှိသည်။ တောင်ကြီးဘက်မှဝင်သော ကြက်သွန် ဖြူ(ရှမ်းစ)များမှာ တစ်အိတ်လျှင် ပိဿာ ၃၀ မှ ၃၃ ပိဿာ ဝင်ဆံ့ပြီးတစ်ပတ်လျှင် အိတ် ၃၀ဝ ခန့် အဝင်ရှိကြောင်း သိရ သည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီ ကျပ် ၂၀ဝ၀ဝ၊ လက်ကား ကျပ် ၁၈၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ပုံမှန်ရှိသည်။ ယခင်နှစ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် ယခုနှစ် တွင် စိုက်ပျိုးစရိတ်များမှာ ယခင်နှစ်ကထက် အကုန်အကျ များခြင်းနှင့် သယ်ယူခနှုန်းထားများလည်း ပိုလာခြင်းကြောင့် ယခင်နှစ် ဈေးနှုန်းများဖြင့် ကွာဟရခြင်းဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းမှ အာလူး တစ်အိတ်လျှင် ပိဿာ ၃၀ ဝင်ဆံ့သော အိတ် ၅၀ မှ ၁၀ဝ အတွင်း တစ်ပတ်ခြားအဝင်ရှိသည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီ ကျပ် ၃၄၀ဝ၊ လက်ကား ကျပ် ၃၂၀ဝ  ဈေးရှိပြီး မြို့နယ်အတွင်း လက်လီ/လက်ကား ဝယ်ယူသူများ၊ လုပ်ငန်းရှင်များ အဝယ်ရှိပြီး ခရိုင်အတွင်းရှိ အခြားမြို့နယ် များမှ လက်ကားဝယ်ယူသူများမှလည်း အဝယ်ရှိခြင်းကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲသီးနှံ
ပြည်ပဲဈေးကွက်သို့ ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ပြည်ပဝယ်လိုအားအပြင် ပြည်တွင်းစားသုံးမှုများသည့် ပဲများ ဖြစ်သော ပဲကြီး၊ ကုလားပဲ၊ ပဲနီပြား၊ ပဲထောပတ် စသည့် သီးနှံများလည်း ဝင်ရောက်မှုများလာပြီဖြစ်သည်။ အဆိုပါ ပဲ များထဲတွင် ပဲကြီးသီးနှံမှာ ဈေးအမြင့်ဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်နေကြသလို နှစ်စဉ်အခြားပဲများထက် ဈေးကောင်း ရလျက်ရှိသည်။ ပဲကြီးသီးနှံ၏ နှစ်အလိုက် ကာလတူ ပဲဈေး နှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
    ခုနှစ်    လ    ပဲအမျိုးအစား    ရေတွက်ပုံ
                      (ဈေးနှုန်း)ကျပ်     (ပိဿာ)
    ၂၀၂၁    မတ်    ရွှေကျွန်း    ၃၀ဝ၀ဝ
                         ကမ်းနား     ၂၉၀ဝ၀
    ၂၀၂၂    မတ်    ရွှေကျွန်း     ၆၆၀ဝ၀
                          ကမ်းနား    ၆၄၀ဝ၀
    ၂၀၂၃     မတ်    ရွှေကျွန်း    ၈၁၀ဝ၀
                          ကမ်းနား    ၇၈၀ဝ၀
    ၂၀၂၄     မတ်    ရွှေကျွန်း    ၈၅၀ဝ၀
                          ကမ်းနား    ၈၄၀ဝ၀    
ပဲကြီးသီးနှံအား မိုးနှောင်းကာလ ဇူလိုင်လ၊ သြဂုတ်လ အတွင်း စိုက်ပျိုးကြကာ ဖေဖော်ဝါရီလတွင် ပဲသစ်များပေါ် လာပြီး ယခုအချိန်တွင် ပဲအထွက်လှိုင်လာပြီဖြစ်သည်။ ပဲကြီး သီးနှံ အစိုရော၊ အခြောက်ပါ ဈေးကောင်းရပြီး ဝင်လာသမျှပဲ များအား ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိက ဝယ်ယူကြ သည်။ 

 

ဝင်းလဲ့ဝါ၊ ဆုမွန်ဆွေ၊ ခင်ဆွေဝင်း(ပြည်)