Main menu

Background

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိ

Mon, 06/03/2024 - 10:43 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ကွမ်းကို မိမိ တို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် လည်း ကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်  လည်းကောင်း စိုက်ပျိုး ကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမို စိုက်ပျိုးကြကြောင်း သိရသည်။
မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည်အသွေးအပေါ်မူတည်၍ မေလ ဒုတိယ ပတ်တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၁၀ဝ၀ဝ-၁၃၀ဝ၀ ဖြင့်  လည်းကောင်း၊ မေလ  တတိယပတ်တွင် ငွေကျပ် ၁၇၀ဝ၀-၂၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မေလ စတုတ္ထပတ်တွင် ငွေကျပ်  ၁၈၀ဝ၀-၂၁၀ဝ၀ ဖြင့်လည်းကောင်း ရောင်းချ လျက်ရှိကြောင်း၊ နွေရာသီတွင် ကွမ်းအထွက်နှုန်း တိုးသော် လည်း ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးကျကာ  ဈေး ကွက်အတွင်း ကုန်ဝင်ရောက်မှု နည်းခြင်းကြောင့် ဈေးနှုန်း များ မြင့်တက်လျက်ရှိကြောင်း၊ ပုံမှန်အားဖြင့် ဆောင်းကွမ်း ဈေးနှုန်းသည် ဈေးအမြင့်ဆုံးဖြစ်သော်လည်း ယခုနှစ် နွေ ကွမ်းဈေးနှုန်းမှာ ဆောင်းကွမ်းဈေးနှုန်းထက် ဈေးနှုန်းရရှိ ကာ အကျိုးအမြတ် ပိုမိုရရှိကြောင်း ကွမ်းစိုက်တောင်သူများ ထံမှ သိရသည်။                             

 

ထက်ထက်ဝင်း (မုံရွာ)