Main menu

Background

ပြည်ဈေးကွက်တွင်ချင်းအသစ်များဝင်ရောက်

Tue, 08/06/2024 - 11:45 -- journal_editor

ရော်ဘာ
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ   အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၅၉ သန်း တန်ဖိုးရှိ  ရော်ဘာတန်ချိန် ၇၈၇၀  တင်ပို့ကြောင်း    သိရှိရသည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံ သို့  ရော်ဘာတန်ချိန် ၃၃၇၀ ကျော်၊ အိန္ဒိယနိုင်ငံသို့  ရော်ဘာ  ၂၅၁၀ ခန့်၊ မလေးရှားနိုင်ငံသို့   ရော်ဘာ တန်ချိန် ၁၆၄၀ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာ  ၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၀ဝ နှင့်  သီရိလင်္ကာနိုင်ငံသို့ ရော်ဘာ တန် ၄၀ တင်ပို့သည်။   
ဇူလိုင် ၁ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း နယ်စပ်ကုန်သွယ်မှုလမ်း ကြောင်း အမေရိကန်ဒေါ်လာ  ၃ ဒသမ  ဝ၆၉ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၁၁၀ ကျော်တင်ပို့သည်။ တင်ပို့မှုအနေ ဖြင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၄၉၀ ကျော်နှင့် တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၆၂၀ ခန့်  တင်ပို့ခဲ့သည်။ နည်း လမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု တန် ချိန် ၉၉၈၀ ကျော်ရှိပြီး  တန်ဖိုး အမေရိ ကန်ဒေါ်လာ  ၁၄ ဒသမ ၅၂၈ သန်း ရရှိ သည်။ 
ပြောင်း
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလ အတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်း မှ အမေရိကန်ဒေါ်လာ ၅၄ ဒသမ  ဝ၀၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၁၅၈၅၀ ကျော် တင်ပို့ကြောင်း သိရသည်။  
ပြောင်းတင်ပို့မှုအနေဖြင့်  ထိုင်း နိုင်ငံသို့  ပြောင်းတန်ချိန်  ၁၈၆၀၈၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့  ပြောင်းတန် ချိန် ၂၆၀၂၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ပြောင်းတန်ချိန် ၃၇၅၀ တင်ပို့သည်။
ဇူလိုင် ၁ ရက်မှ ရက်မှ ၂၆ ရက် ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ် ကုန်ပြည်ချင်းပွဲရုံများသို့ ယခုဇူလိုင်လ နောက်ဆုံးပတ်တွင် ချင်း(ဥမ)သစ်များ ဝင်ရောက်လာပြီး လှပ၍ အရည်အသွေးကောင်းသော ချင်းများ ဝင်ရောက်လာခြင်း ဖြစ်သည်။ ချင်း(ဥမ)များ ဝင်ရောက်လာမှုများသောကြောင့် ဈေးနှုန်းများလည်း ပြီးခဲ့သည့် တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် ကျပ် ၅၀ဝ-၁၀ဝ၀ ဈေးကျလာ ခဲ့သည်။ ရောင်းဝယ်ရေးသမားများက အိတ်အဆွဲများ လျက်ရှိနေပြီး  ယခုတစ်ပတ် ချင်းဈေးနှုန်းများမှာ ပွဲရုံဈေးတစ်ပိဿာလျှင် ကျပ် ၄၀ဝ၀-၅၀ဝ၀ ဈေးတို့ဖြင့် ရောင်း ဝယ်လျက်ရှိ နေသည်။ ဓားလှီးချင်းဖက် တစ်ပိဿာလျှင် (လက်ကားဈေး) ကျပ် ၇၀ဝ၀ နှင့် (လက်လီဈေး) ကျပ် ၉၀ဝ၀ တို့ဖြင့် ရောင်းချလျက်ရှိသည်။ ဝါတွင်းကာလဖြစ် သည့်အတွက် ဓားလှီးချင်းသမားတို့အိတ်အဆွဲ များသောကြောင့် ပြည်ချင်းပွဲရုံ များတွင် ချင်းအရောင်းအဝယ် ကောင်းလျက်ရှိနေသည်။ 
ပြည်ဈေးကွက်တွင် ချင်းအသစ်များ ဝင်ရောက်လာသော်လည်း ကြက်သွန်နီ မှာ လက်ကျန်များသာ အဝင်ရှိပြီး ဆိပ်ဖြူ ၊ ပခုက္ကူ ၊ ကျောက်ပန်းတောင်းဘက်မှသာ အဝင်ရှိနေသည်။ ဝင်ရောက်မှုမှာ  လျော့နည်းသွားပြီး ယခင်လ အဝင်ပိဿာချိန် သုံးသောင်းခန့်နှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ကျော်ခန့် အဝင်နည်းသွားပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် ပိဿာချိန် တစ်သောင်းခန့်သာ အဝင်ရှိ နေသည်။ ဝင်ရောက်မ ရှိသော ကြက်သွန်နီမှာ လက်ကျန် ကြက်သွန်နီများဖြစ်သဖြင့် အရောင်းအဝယ် မသွက်ကြောင်း သိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး-လတ်-သေး ကျပ် ၂၄၀ဝ-၂၃၀ဝ-၂၁၀ဝ နှုန်းနှင့် လက်လီဈေးများတွင် ကျပ် ၂၈၀ဝ-၂၇၀ဝ-၂၆၀ဝ-၂၄၀ဝနှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြောင်း သိရ သည်။                                                                      

 

 ဝင်းလဲ့ဝါ၊ ဝင်းဝင်းခိုင်(ပြည်)