Main menu

Background

တနင်္သာရီတိုင်းဒေသကြီး၏ ကွမ်းသီး၊ ရော်ဘာနှင့် သီဟိုဠ် ဈေးနှုန်း၊ ဈေးကွက်

Tue, 08/06/2024 - 14:20 -- journal_editor

မြန်မာနိုင်ငံ  တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သည့်အပြင် တနင်္သာရီရိုးမ လည်းရှိပြီး တောကုန်း၊ တောင်တန်းများနှင့် ကျွန်းပေါင်းများစွာလည်းရှိပြီး တိုင်းဒေသကြီး၏ အဓိကအသက်မွေးဝမ်းကျောင်း  စီးပွားရေးဖြစ်သော ရေလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသည်။
 တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့ သောင်းခရိုင် လေးခုရှိရာ ခရိုင်လေးခရိုင်လုံး၏ တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များရှိ တောင်စောင်းတစ်လျှောက်နှင့် တောင်ကြား မြေပြန့် လွင်ပြင်အများစုတွင် ကွမ်းသီးပင်၊ ရော်ဘာပင်နှင့် သီဟိုဠ်ပင်များကို စီးပွားဖြစ် အများအပြား စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ဒေသတွင်းမှထွက် ရှိသော ကွမ်းသီး၊ ရော်ဘာနှင့် သီဟိုဠ်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိ သည်။
ကွမ်းသီး
တနင်္သာရီတိုင်းဒေသကြီး၏ ဒေသတွင်း ဥယျာဉ်ခြံများမှထွက်ရှိ သော ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ကွမ်းသီးဈေးနှုန်းဈေးကွက် အခြေ အနေများမှာ ကွမ်းသီးခြောက်အခြမ်း တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၊ ကွမ်းသီးခြောက်အလုံး တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ဖြစ်ပြီး ကွမ်းသီးအနု အလုံး တစ်ပိဿာလျှင် အလုံးပေါ်မူတည်၍ အလုံး ၇၀-၈၀ ခန့်  ဝင်ဆံ့ လျက်ရှိပြီး တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၆၀ဝ၀ ဝန်းကျင်ခန့်ရှိပြီး ကွမ်းသီး ရရှိမှု လမ်းခရီးနှင့် ဝယ်လိုအားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားချက်များ ရှိသည်။
ရော်ဘာ
တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ရော်ဘာ ဈေးနှုန်း/ဈေး ကွက် အခြေအနေများမှာ  ျွှ-၃ တစ်ပေါင်လျှင် ကျပ် ၂၂၅၀ နှင့်  ျွှ-၅ တစ်ပေါင်လျှင် ကျပ် ၂၁၅၀  ပေါက်ဈေးရှိသည်။
သီဟိုဠ်
တနင်္သာရီတိုင်းဒေသကြီး၏ သီဟိုဠ်ဈေးနှုန်းဈေးကွက် အခြေ အနေများမှာ ဇူလိုင်လအတွင်း ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး သီဟိုဠ် ပုံချောအသန့် တစ်ပိဿာလျှင် ကျပ် ၄၈၀ဝ ရှိပြီး  အခွံပါအကြမ်း တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ရှိသည်။
ထားဝယ်မြို့ပေါ်တွင်  ဇူလိုင်လအတွင်း ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ မြိတ်ခရိုင်၊ ဘုတ်ပြင်း ခရိုင်နှင့် ကော့သောင်းခရိုင်များရှိ ဈေးနှုန်းများမှာ ခရိုင်အလိုက် အနည်း ငယ် ကွာခြားနိုင်ကြောင်း သိရသည်။

 

မောင်ထက်ဝင်း (ထားဝယ်)