Main menu

Background

ပခုက္ကူမြို့၏ ဝါ ဈေးနှုန်းဈေးကွက်

Mon, 09/02/2024 - 10:29 -- journal_editor

ပခုက္ကူမြို့တွင် စိုက်ပျိုးသော ဝါများမှာ ဝါကြီး၊ ချည်မျှင်ရှည်ဝါ၊ ချည်မျှင်တိုဝါတို့ဖြစ်ပြီး စိုက်ပျိုးမှုဧကမှာ ၅၀ဝ၀-၆၀ဝ၀ ခန့်ရှိသည်။ တစ်ဧကကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ် ဝါရာသီလျှင် ကျပ် ၁၅ သိန်း ခန့်ရရှိကြောင်း၊ ဝါကို တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးပြီး တစ်ကြိမ်လျှင် သက်တမ်းလေးလခန့်ကြာမြင့်ပြီး ဝါကြီးမျိုးမှာ သက်တမ်းပိုရှည်ကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။ 
ကန်တော်၊ ကံလှ၊ ဒဟတ်ချောက်၊ ကန်တိန်၊ ကန်ရပ်၊ သစ်ပင်ကြီးကျေးရွာများနှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများတွင် ချည်မျှင်ရှည်ဝါကို အဓိကစိုက်ပျိုးကြသည်။ တစ်ဧကစိုက်လျှင် ဝါအထွက်နှုန်းမှာ ပိဿာ ၄၀ဝ ကျော် ထွက်ရှိကြောင်း  သိရသည်။ ယခုနှစ် ဝါဂွမ်းတစ်ပိဿာ ဈေးနှုန်းမှာ ချည်မျှင်ရှည်ဝါ ဝါဂွမ်း(အစေ့မပါ)တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ၊ ချည်မျှင်တိုဝါ ဝါဂွမ်း(အစေ့မပါ) တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ ၊ ချည်မျှင်ရှည်ဝါ ဝါစေ့ တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ ၊ ချည်မျှင်တိုဝါစေ့ တစ်ပိဿာလျှင် ကျပ် ၁၂၅၀ ဖြစ်ပြီး ဝါစေ့ဆီ တစ်ပိဿာလျှင် ကျပ် ၁၃၅၀ဝ-၁၄၀ဝ၀ ၊ ဝါကြိတ်ဖတ် တစ်ပိဿာလျှင် ကျပ် ၁၁၅၀  ရှိကြောင်း သိရသည်။
 ဝါစေ့ဆီကို အကြော်အလှော်များတွင် အသုံးပြုပြီး၊ ဝါကြိတ်ဖတ်မှ ဘေးထွက်ပစ္စည်းအနေဖြင့် စိုက်ခင်းများတွင် မြေသြဇာအဖြစ်လည်းကောင်း၊ တိရစ္ဆာန်အစာဖြစ်လည်းကောင်း ဒေသတွင်းတွင် အသုံးပြုကြသည်။ ဝါဂွမ်းကို မန္တလေး တိုင်းဒေသကြီးသို့ တင်ပို့နေကြောင်း ဝါကုန်သည်များထံမှ သိရသည်။                                          

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)