Main menu

Background

မွန်ပြည်နယ်တွင် ဖူးစားပြောင်း အထွက်နှုန်းကောင်း

Mon, 10/07/2024 - 11:27 -- journal_editor

ယခုနှစ်အတွင်း မွန်ပြည်နယ်အနေဖြင့် ပြောင်းသီးနှံ ဈေးနှုန်းကောင်းရရှိသောနှစ်ဖြစ်သည်။ ယခုနှစ် စက်တင်ဘာ လအတွင်း ပြောင်းဖူးဈေးနှုန်းများမှာ (အစို)ဖူးစားပြောင်း တစ်ဖူး လျှင် ကျပ် ၅၅၀-၆၀ဝ၊ ထောပတ်ပြောင်းဖူး တစ်ဖူးလျှင် ကျပ် ၅၀ဝ-၆၅၀ ခန့် ဖြစ်ပြီး ဈေးကောင်းရ၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။      
မွန်ပြည်နယ်ရှိ မြို့နယ်များရှိ အသေးစားလုပ်ငန်းရှင် များက ပြောင်းဖူးပေါ်ချိန်တွင် ဝယ်ယူပြီး အခြောက်ခံ၍ စနစ်တကျ သိုလှောင်၊ ထုတ်လုပ်မှုအဆင့်ဆင့်ကို ပြုလုပ်၍ ပြောင်းဖူးကုန်ကြမ်းကို အဆင့်မြင့်စားသောက်ကုန် ကုန်ချော များအဖြစ် ထောပတ်ပြောင်းဖူးပေါက်ပေါက်၊ ပြောင်းဖူးမှုန့်၊ ပြောင်းဖူးစေ့ခြောက်လှော်၊ ပြောင်းဖူး အရသာမုနြွ့်ကပ်နှင့် သကြားလုံးများ  ထုတ်လုပ်လျက်ရှိသည်။ ဈေးကွက်တွင် ပြောင်းဖူးပေါက်ပေါက်ဆိုလျှင် ရုပ်ရုင်ရုံ၊ ဂီတပွဲတို့၌ စားသုံးသူ များပြားသည်။ ဈေးကွက်ခိုင်မာစွာ ရရှိထားသော ထောပတ် ပေါက်ပေါက်ကို  တစ်နှစ်ပတ်လုံး ဈေးကွက်အတွင်း လွယ်ကူ စွာဝယ်ယူနိုင်၍ လူကြီး၊ လူငယ်များ ကြိုက်နှစ်သက်ကြောင်း တွေ့ရှိရသည်။ 
ထို့ပြင် ပြောင်းဖူးကို မိမိတို့ကြိုက်နှစ်သက်ရာ အမျိုးမျိုး ပြုလုပ် စားသုံးကြသည်။ လွယ်ကူစွာပြုတ်စားခြင်း၊  မီးဖုတ်စား ခြင်း၊ ပြောင်းဖူးစိမ်းကို ကြော်စားခြင်း၊ ယိုးဒယား ပြောင်းဖူး ထောင်းအဖြစ် စားသုံးခြင်း အစရှိသဖြင့် မိမိတို့ကြိုက်နှစ်သက် သလို စားသုံးကြသည်။ 
မွန်ပြည်နယ်အတွင်း  ဖူးစားပြောင်းကို မိုးရာသီ (မိုး ပြောင်း)နှင့် ဆောင်းရာသီ (ဆောင်းပြောင်း)ဟူ၍ နှစ်ရာသီ စိုက်ပျိုးကြသည်။ မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်တွင် ဖူးစားပြောင်းစိုက်ပျိုးမှုဧက ၄၃၅၇ ဧက၊ ခူးဆွတ်ဧက ၄၃၅၇ ဧက၊  တစ်ဧက အထွက်နှုန်း ၈၉၃၀၊ အဖူးရေပေါင်း ၃၈၈၈၀ဝ၀ဝ ဖူး ထွက်ရှိခဲ့သည်။  ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဖူးစားပြောင်း စိုက်ပျိုးမှုဧက ၄၁၅၇ ဧက လျာထားပြီး မွန်ပြည်နယ်ရှိ ဘီးလင်းမြို့၊ သထုံမြို့၊ ကျိုက်မရော မြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊  ရေးမြို့၊ လမိုင်းမြို့၊ ခေါဇာမြို့တို့၌  စိုက်ပျိုးကြသည်။ မွန်ပြည်နယ်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိသည့်အနက် ဖူးစားပြောင်းမှာ စိုက်ပျိုးမှု ပိုမိုဖြစ်ထွန်း၍ စီးပွားဖြစ်စိုက်ပျိုးကြသည်။
 ဒေသခံတောင်သူများအနေဖြင့်      ထွက်ရှိလာသော   ပြောင်းဖူးများကို  မော်လမြိုင်မြို့ပေါ်ဈေးများရှိ သီးနှံဒိုင်များ နှင့်ချိတ်ဆက်၍ လည်းကောင်း၊ တောင်သူကိုယ်တိုင်  လည်း ကောင်း၊ လက်လီ/လက်ကားကုန်သည်များမှတစ်ဆင့် လည်း ကောင်း ပြန်လည်ရောင်းချကြသည်။ 
ပြောင်းဖူးတွင် ဗီတာမင်B1၊ ဗီတာမင် B5   ဗီတာမင် C ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ၊ အမိုင်နိုအက်စစ်ဓာတ် နှင့် အသားဓာတ်များလည်း ပါဝင်သည်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားသည့်အတွက် သွေးတွင်းကိုလက်စထရောကို လျော့ ကျစေပြီး အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေ သည်။ သွေးတွင်း သကြားဓာတ်ပမာဏကို လျော့ကျစေသည့် အတွက် ဆီးချိုသမားများ စားသုံးသင့်သည်။ ပြောင်းဖူးတွင် ပါဝင်သည့် ဗီတာမင် B!သည် မှတ်ဉာဏ်စွမ်းအားကို တိုး မြင့်စေသည့်အတွက် ကလေးသူငယ်များလည်း စားသုံးသင့် သည်။
ပြောင်းဖူးအထွက်နှုန်းကောင်းသော မွန်ပြည်နယ်မှ စိုက်ပျိုးသူ တောင်သူများ ၊ အသေးစားလုပ်ငန်းရှင်များအနေ ဖြင့် စီးပွားဖြစ် ဝင်ငွေတိုးသော ပြောင်းဖူးသီးနှံ များကိုပိုမိုတိုး ချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ခင်ကြည် (မွန်ပြည်နယ်)