ပြည်တွင်းတွင် ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြား ကုမ္ပဏီများအား တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းအရည် အသွေးမြင့်ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိစေရန်အလို့ငှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကြော်ငြာ စာကိုထုတ်ပြန်လိုက်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် နိုင်ငံခြားကုမ္ပဏီများအား အောက်ပါကုန်ပစ္စည်းအုပ်စု များကို ကိုယ်တိုင်ထုတ်လုပ်၍ဖြစ်စေ၊ ထုတ်လုပ်သူများထံမှ တစ်ဆင့်ဝယ်ယူ၍ဖြစ်စေ ပြည်ပသို့ တင်ပို့ခွင့်ပြုကြောင်း သိရ ပြီး တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသည့် အသား၊ ငါးနှင့် ရေထွက်ကုန်များ၊ တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသည့် ကောက်ပဲသီးနှံများ၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ မျိုးစေ့၊ သန့်စင်ထားသည့် သတ္တုရိုင်းများ၊ သစ်သီးဝလံ၊ ပန်းမန်ကုန် ကြမ်းတို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက် ကုန်ချော သို့မဟုတ် ကုန်ချောပစ္စည်းများ၊ သစ်အခြေခံ ပရိ ဘောဂပစ္စည်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အထောက်အကူပြုကုန်စည်များ ပါဝင်လျက်ရှိသည်။
နိုင်ငံခြားကုမ္ပဏီများသည် ဖော်ပြပါ ကုန်ပစ္စည်းအုပ်စု ရှစ်မျိုးကို ပြည်ပသို့တင်ပို့ရာတွင် တစ်ဆင့်မြင့် ပြုပြင်ထုတ် လုပ်ထားသည့် အသား၊ ငါးနှင့် ရေထွက်ကုန်များနှင့်စပ်လျဉ်း၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန တို့၏ထောက်ခံချက်ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန် လိုင်စင် ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ တစ်ဆင့်မြင့်ပြုပြင် ထုတ်လုပ်ထားသည့် ကောက်ပဲသီးနှံများနှင့်စပ်လျဉ်း၍ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့ တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆို ပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အပါအဝင် သက်ဆိုင်ရာဌာနများ၏သတ်မှတ် ချက်များနှင့်အညီ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ ဆန်နှင့် ဆန်ကွဲ တင်ပို့ခြင်း လုပ်ငန်း ဆောင်ရွက်မည်ဆိုပါက အောက်ပါ အထောက် အထားများ ပြည့်စုံစွာတင်ပြရမည့်အပြင် ကုန်သွယ်ရေး ဦးစီးဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ ပြည်ပမှ ပြည်တွင်း ဘဏ်တစ်ခုခုသို့ ကနဦး ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ငွေ အနည်းဆုံး ဒေါ်လာသုံးသန်း လွှဲပြောင်းပြီး ကြောင်း အထောက်အထား၊ လုံလောက်သော သိုလှောင်ရုံရှိ ကြောင်း အထောက်အထား၊ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်၏ အသင်းဝင်ဖြစ်ကြောင်း အထောက်အထား ပါရှိရ မည်ဟုလည်းကောင်း၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုးနှင့် စပ် လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန် လိုင်စင်ခွင့်ပြုချက် ရယူရမည်ဟုလည်းကောင်း၊ မျိုးစေ့နှင့် စပ်လျဉ်း၍ မျိုးစေ့ဥပဒေ၊ စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန ၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဟုလည်းကောင်း၊ သန့်စင်ထားသည့် သတ္တုရိုင်းများနှင့်စပ်လျဉ်း၍ မြန်မာ့သတ္တု တွင်း ဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာန၏ ဓာတ်သတ္တု ရောင်းချခြင်းနှင့် ဝယ်ယူခြင်း ခွင့်ပြုမိန့်နှင့်သတ္တုတွင်းဦးစီး ဌာန၏ ထောက်ခံချက်တို့ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ ကုန်လိုင်စင်ခွင့်ပြုချက်ရယူရမည်ဟုလည်းကောင်း၊ သစ်သီး ဝလံ၊ ပန်းမန်ကုန်ကြမ်းတို့မှ အဆင့်မြင့် ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက် ကုန်ချော သို့မဟုတ် ကုန်ချောပစ္စည်းများနှင့် စပ်လျဉ်း၍ အမျိုးသားအစားအသောက်ဥပဒေနှင့် သက်ဆိုင် ရာဌာနများ၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြု ချက်ရယူရမည်ဟုလည်းကောင်း၊ သစ်အခြေခံ ပရိဘောဂ ပစ္စည်းများနှင့်စပ်လျဉ်း၍ မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တော ဦးစီးဌာနတို့၏ ထောက်ခံချက်များဖြင့် ကုန်သွယ်ရေးဦးစီးဌာန ၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက် ရယူရမည်ဟုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အထောက်အကူပြု ကုန် စည်များနှင့်စပ်လျဉ်း၍ စပါးခွံနှင့် လွှစာမှုန့် စသည့် ဘေးထွက် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လောင်စာတောင့်များကဲ့ သို့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူ ပြု ကုန်စည်များတင်ပို့လျှင် သတ်မှတ်လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန် လိုင်စင် ခွင့်ပြုချက် ရယူရမည်ဟုလည်းကောင်း ဖော်ပြပါရှိ သည်။
အဆိုပါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ၂၀၁၉ ခုနှစ် ဇွန် ၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၄/ ၂၀၁၉ နှင့် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၂၃ တို့ကိုဤ အမိန့်ကြော် ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း သိရသည်။
ကိုတိုး