Main menu

Background

တရုတ် နှစ်သစ်ကူးအမီ မူဆယ် ချီတက်ဖို့ ပြင်နေတဲ့ စစ်ကိုင်းတိုင်းဒေသရဲ့ အစေ့မဲ့ဖရဲ

Mon, 01/27/2014 - 09:24 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပြည်ပ တင်ပို့သစ်သီးဝလံတွေထဲကအရင်းအနှီး များလှတဲ့အစေ့မဲ့ဖရဲကို တစ်စိုက်မတ် မတ်စိုက်ပျိုးထုတ်လုပ်နေတဲ့ ဘိုမြင့်သူ ကုမ္ပဏီအနေနဲ့ ယခုနှစ်ဖရဲရာသီမှာ အစေ့မဲ့ဖရဲကို မုံရွာခရိုင်အတွင်း မုံရွာ၊ ဘုတလင်၊ ချောင်းဦးမြို့တွေနဲ့ စစ်ကိုင်း ခရိုင် မြောင်မြို့နယ်တွေမှာ ဧက ၁၅၀၀ ခန့်အထိ တိုးချဲ့စိုက်ပျိုး နိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်း ကနေ ၂၀၁၄ ခုနှစ် ဇန်နဝါရီလဆန်း အထိ ကနဦးစိုက်ပျိုးခဲ့ကြတဲ့ မုံရွာနယ် အရှေ့ဘက်ဒေသဘုတလင်ဒေသတွေက အစေ့မဲ့ဖရဲတွေဟာ နေ့စဉ်မူဆယ်ကို တင်ပို့ရောင်းချခဲ့ပြီးပြီလို့ တာဝန်ခံ ကပြောပါတယ်။ဇန်နဝါရီလလယ်က စပြီးဧပြီလထိမုံရွာနယ်ကနောက်ကျ စိုက်တဲ့ ညောင်ပင်စောက် သဲသောင် စိုက်ခင်းမှ ဧက ၃၀၀ ခန့်၊ ချောင်းဦး ဒေသနဲ့ မြောင်မြို့နယ်တွေကနေ သူ့ စိုက်ခင်းနဲ့သူ အချိန်ကိုက်နေ့စဉ်ခူးဆွတ် ပြီး မူဆယ်ကို အဆက်မပြတ်တင်ပို့နိုင် မှာဖြစ်တယ်လို့သိရပါတယ်။
ဇန်နဝါရီတတိယပတ်ထဲမှာမူဆယ် ဈေးကွက်အစေ့မဲ့ဖရဲဝယ်လိုအားဟာ တရုတ် နှစ်သစ်ကူးချိန် နီးလာတာနဲ့ အမျှဈေးကောင်းကောင်းနဲ့ မြင့်တက်နေ ဆဲဖြစ်တယ်လို့ဆိုပါတယ်။ တစ်လုံး ၄ ပိဿာမှ ၅ ပိဿာခန့်ရှိတဲ့ အစေ့မဲ့ဖရဲ သီးရဲ့ မူဆယ်ပေါက်ဈေးဟာ ကျပ် ၁၀၀၀၀ ကျော်ရှိနေတဲ့အတွက် ဖရဲစိုက် သူတွေ အကျိုးဖြစ်ထွန်းနေသလို ပြီးခဲ့ တဲ့နှစ်က ရာသီမကောင်းလို့ မစိုက်နိုင် ဘဲဖရဲစိုက်ဖို့ တစ်ဧက ၁ ဒသမ ၅ သိန်း မှ ၁ ဒသမ ၈ သိန်းဈေးနဲ့ မြေငှားရမ်း တဲ့တောင်သူအများစုမှာလည်း အပိုဝင် ငွေရသလို ဒေသရှိ ကျေးလက်ပြည်သူ တွေကို အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဖရဲစိုက်ပျိုးတဲ့နည်းပညာတွေရရှိခဲ့ကြလို့ ဒီနှစ်အစေ့မဲ့ဖရဲဈေးကွက်ဟာ ငှားသူ၊ စိုက်သူ၊ ဝယ်သူ၊ သယ်သူ၊ ရောင်းသူ စတဲ့ဖရဲနဲ့စပ်သမျှ  ချမ်းသာကြမဲ့ နှစ်တစ်နှစ် ဖြစ်နေပါကြောင်း ...။
ထွန်းလှိုင်-မုံရွာ