Main menu

Background

ဈေးကွက်ကောင်း၍ တောင်သူအကျိုးရှိတဲ့ သခွားမွှေး

Thu, 02/06/2014 - 04:30 -- ydnar

သခွားမွှေးရဲ့ မူလမျိုးဟာ တရုတ် နိုင်ငံမှဖြစ်ပြီး မူဆယ်မှတစ်ဆင့် မိမိတို့ နိုင်ငံအတွင်းကို တင်သွင်းခဲ့ခြင်း ဖြစ်ပါ တယ်။ မိမိနိုင်ငံမြေလတ်ပိုင်း ဆောင်း ရာသီနဲ့ ကိုက်ညီပြီး တရုတ်နိုင်ငံမှာ အအေးပိုလို့ မဖြစ်ထွန်းနိုင်ခြင်းကြောင့် မိမိတို့နိုင်ငံတောင်သူများအတွက်သေချာ တဲ့ဈေးကွက်၊ မြင့်မားတဲ့ဈေးနှုန်းကို ရရှိ ခြင်းကြောင့် ယခုအခါ သခွားမွှေးကို မန္တလေးတိုင်းဒေသကြီးအတွင်းကျောက် ဆည်၊ တံတားဦး၊ မြစ်သား၊ စဉ့်ကိုင် မြို့နယ်များမှာတွင်တွင်ကျယ်ကျယ်စိုက် ပျိုးနေကြပါပြီ။

တစ်ဖက်နိုင်ငံကို တရား ဝင်တင်ပို့ ရောင်းချခြင်းဖြစ်လို့ နိုင်ငံ တော်အတွက်လည်း နိုင်ငံခြားဝင်ငွေ ရှာဖွေပေးတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။
သခွားမွှေးဟာတစ်နှစ်ပတ်လုံးစိုက် ပျိုးလို့ရတယ်ဆိုပေမဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာ စိုက်ပျိုး တဲ့ အသီးများဟာ ဈေးကွက်ကောင်း တဲ့ အသီးများဖြစ်လို့ တရုတ်နိုင်ငံရဲ့ ဖေဖော်ဝါရီလအတွင်း ကျရောက်လေ့ ရှိတဲ့ နှစ်သစ်ကူးပွဲတော်အချိန်မှာ သခွားမွှေး စားသုံးမှု ပမာဏများခြင်း၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် တရုတ် နိုင်ငံမှာဆောင်းရာသီအအေးဓာတ်လွန် ကဲခြင်းကြောင့် စိုက်ပျိုး ဖြစ်ထွန်းမှု မရှိ လို့ မိမိနိုင်ငံက တင်ပို့တဲ့ သခွားမွှေးကို မဖြစ်မနေ ဝယ်ယူစားသုံးခြင်းကြောင့် ယခုအချိန်တွင် ရောင်းချသည့် အသီး များသည် ဈေးကွက် ကောင်းတဲ့ အသီး များဖြစ်လို့ တောင်သူများအနေနဲ့ ပြည် တွင်း ဈေးကွက်ထက် ပြည်ပ ဈေးကွက် ကိုပိုမိုအားထား စိုက်ပျိုးလာကြပါတယ်။
သခွားမွှေး စိုက်ပျိုးနည်းစနစ်မှာ ပထမဦးစွာမြေပြင်၍တစ်ဧကကို အပင် ၅၀၀၀ ဝင်ဆံ့နိုင်အောင် ပျိုးထောင်ပြီး တစ်ဧက အပင်ပေါင်း ၅၀၀၀ စိုက်ပျိုး ပါတယ်။ တစ်ပင်ကို အလုံး ၃ လုံး၊ ၄ လုံးသီးသော်လည်း အလုံးလှတဲ့ တစ်လုံး ကိုချန်ပြီး တစ်ဧကအလုံး ၁၀၀၀ နှုန်း ပျမ်းမျှ တွက်ချက်ထားသော်လည်း နိုင်ငံ ခြားတင်ပို့ချိန်တွင် တစ်လုံး အလေးချိန် ၃ ကီလိုခန့် အသီးများဖြစ်လို့ အလုံး ပုံသဏ္ဍာန်လှပြီး ပိုးမွှားကင်းစင်ပါက ဈေးကွက်ဝင်၍ ဈေးကောင်းရရှိနိုင် သော်လည်း ၂ကီလိုအောက် အသီးများ ဟာ ဈေးကွက်မဝင် ပယ်သီးများ ဖြစ်လို့ တစ်ဧကကို ပျမ်းမျှအလုံး ၄၀၀၀ ခန့် သာဈေးကွက်ဝင်အသီးများဖြစ်ပါတယ်။
သခွားမွှေး စတင်စိုက်ပျိုးသည်မှ တစ်လခန့်အကြာတွင် အသီးများထွက် လာကာအသီးတစ်လုံးချန်၍ မြေသြဇာ ကျွေးခြင်း၊ ပုံမှန်ရေသွင်းရေထုတ်ပြုလုပ် ခြင်းဖြင့် အသီးများသည် ၂ လခွဲအတွင်း ရောင်းတန်းဝင်အသီးများ ဖြစ်လာပါ တယ်။ သခွားမွှေး စိုက်ပျိုးရာမှာ နည်း ပညာတတ်ကျွမ်းရန်လိုအပ်ပြီး အထူး ဂရုစိုက်ရခြင်း၊ သွင်းအားစုများ အပြည့် အဝသုံးစွဲရခြင်းကြောင့်တစ်ဧကကုန်ကျ စရိတ်များသော်လည်း ပြန်လည်ရရှိတဲ့ အကျိုးအမြတ်မှာ မက်လောက်စရာ ဖြစ်ပါတယ်။
ယခုနှစ်အတွက် သခွားမွှေး တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ မြေပြင်ခြင်းမှအစ အသီးခူးဆွတ်ပြီး နိုင်ငံခြားတင်ပို့ချိန်အထိ ကျပ် ၁၈ ဒသမ ၆ သိန်းရှိပြီး၊ တစ်ဧက အလုံး ၄၀၀၀ ဖြင့် ရငွေ ကျပ်သိန်း ၁၀၀ ဖြစ်တာ ကြောင့် တစ်ဧက အမြတ် ကျပ် ၈၁ ဒသမ ၄ သိန်းဖြစ်ပါတယ်။ သခွားမွှေး မှာ ယခုနှစ်တွင် ဈေးကွက်ကောင်းရရှိ လို့သခွားမွှေးစိုက်တောင်သူများအတွက် အကျိုးရှိတဲ့ နှစ်ဖြစ်ပါတယ်။
ခင်စန်းဝင်း- ကျောက်ဆည်