Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Tue, 02/28/2023 - 14:31 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး    လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ   ပြင်ဦးလွင်မှ  စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ငါးပိဿာပါ ကျပ် ၂၈၀ဝ၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ  အလုံးကြီး တစ်ဘူး ၁၈ ကျပ်သားပါ     ကျပ် ၁၂၀ဝ၊    တွံတေး၊ ပန်းတိုင် (လှိုင်သာယာ)မှ သခမသီး အလုံးကြီးတစ်ခြင်း အလုံး ၂၅ မှ ၃၅ ပါ ကျပ် ၁၈၀ဝ၀၊ အလုံးလတ်  အလုံး ၄၀ မှ  ၄၅ ပါ ကျပ် ၁၇၀ဝ၀၊ အလုံးသေး အလုံး ၆၀ မှ ၉၀ ပါကျပ် ၁၅၀ဝ၀၊ သီပေါမှ နာနတ်သီး အလုံး ကြီး ကျပ် ၁၂၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀၊ အလုံးသေး ကျပ် ၈၀ဝ တို့ဖြစ်သည်။ 
ထို့ပြင် မှော်ဘီ၊    တိုက်ကြီးမှ   မာလ ကာသီး အလုံးကြီး ကျပ် ၆၀ဝ၊ အလုံးလတ် ကျပ် ၅၀ဝ မှ   ၄၀ဝ၊ အလုံးသေး ကျပ် ၃၀ဝ၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀ ၊ အလုံးသေး ကျပ် ၁၅၀ဝ၊ ပဲခူး (ဘုရားကြီး) မှ    စိမ်းစားဥ အလုံးကြီးတစ်တွဲ ကျပ် ၇၀ဝ၊ အလုံးလတ် ကျပ် ၆၀ဝ၊ မော်လမြိုင်မှကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀ဝမှ၁၅၀ဝ၊ အလုံးလတ် ကျပ်၁၂၀ဝ မှ ၁၀ဝ၀၊ အလုံးသေး  ကျပ် ၈၀ဝ မှ ၅၀ဝ၊ အင်းမ၊ ခရမ်းမှ ဖရဲသီး (၈၅၅)အလုံးကြီး ကျပ် ၁၃၅၀ဝ၊    အလုံးလတ် ကျပ် ၁၀ဝ၀ဝ ၊ အလုံး သေး ကျပ် ၉၀ဝ၀ မှ ၇၀ဝ၀ ၊ ခရမ်း၊ ရေကြည် မှ ဖရဲသီး(၂၁၁)အလုံးကြီး ကျပ် ၄၈၀ဝ၊ အလုံး လတ် ကျပ် ၃၅၀ဝ ၊ အလုံးသေး ကျပ် ၂၅၀ဝ မှ ၁၅၀ဝ၊ ဆင်ဖြူကျွန်းမှ    ဆီးသီး(စလေ) အလုံးကြီးတစ်ခြင်း ရှစ်ပြည်ပါ ကျပ် ၁၁၀ဝ၀၊ ပြည်မှ  ဆီးသီး (အချဉ်) အလုံးကြီးတစ်ခြင်း ၁၃ပြည်ပါ  ကျပ်  ၁၃၀ဝ၀   ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ  သစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)  မှ သိရှိရသည်။
 

 STDT(Yangon)