Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံ ဈေးနှုန်းများ

Tue, 03/14/2023 - 12:34 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး  လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် မတ် ၁ ရက်မှ  ၇ ရက်အထိ  ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀ဝ၊ အလုံးလတ် ကျပ်  ၄၀ဝ၊ အလုံးသေး ကျပ် ၃၀ဝ၊ တွံတေးမှ သခမသီး အလုံးကြီး တစ်ခြင်း အလုံး ၂၀ မှ ၃၅ ပါကျပ် ၁၈၀ဝ၀၊ အလုံးလတ်  အလုံး ၄၀ မှ ၄၅ ပါကျပ် ၁၇၀ဝ၀၊ အလုံး သေး အလုံး ၆၀ မှ ၉၀ ပါ ကျပ် ၁၅၀ဝ၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀ဝ မှ ၂၀ဝ၀၊ အလုံး လတ် ကျပ် ၁၈၀ဝ မှ ၁၅၀ဝ၊ အလုံးသေး ကျပ် ၁၂၀ဝ မှ ၉၀ဝ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀၊ အလုံးသေး  ကျပ် ၇၀ဝ ဖြစ် ကြောင်း သိရသည်။ 
ဆင်ဖြူကျွန်းမှ  ဆီးသီး(စလေ)အလုံးကြီးတစ်ခြင်း ရှစ်ပြည်ပါ ကျပ် ၁၁၅၀ဝ၊ ပြည်မှ ဆီးသီး(အချဉ်)အလုံးကြီးတစ်ခြင်း ၁၃ ပြည်ပါ ကျပ် ၁၂၀ဝ၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ငါးပိဿာပါ ကျပ် ၂၈၀ဝ၀၊ ပြင်ဦးလွင်မှ စတော် ဘယ်ရီ  အလုံးကြီး တစ်ဘူး ၁၈ ကျပ်သားပါ ကျပ် ၁၁၀ဝ၊ ပဲခူး(ဘုရားကြီး)မှ စိမ်းစားဥ အလုံးကြီး တစ်တွဲ ကျပ် ၇၀ဝ၊ အလုံးလတ် ကျပ် ၆၀ဝ ၊ မြစ်သားမှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀၊ အင်းမ၊ ခရမ်းမှ ဖရဲသီး (၈၅၅)အလုံးကြီး ကျပ် ၇၀ဝ၀ ၊ အလုံးလတ် ကျပ် ၆၀ဝ၀ ၊ အလုံးသေး ကျပ် ၅၀ဝ၀ ဈေးတို့ရှိကြောင်း   သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်  ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း (MFVP)   မှ သိရှိရသည်။ 
STDT (Yangon)