Main menu

Background

မူဆယ်နယ်စပ်မှ ဖရဲ၊ သခွားအပြင် စပျစ်သီးပါ စတင် တင်ပို့

Thu, 02/06/2014 - 05:18 -- ydnar

၂၀၁၄ ခုနှစ်ရဲ့ ဇန်နဝါရီလ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၃၁၈ တန်ဖိုးရှိတဲ့ စပျစ်သီး ၁၉ တန်ကို စတင်တင်ပို့ခဲ့ပါတယ်။ ဒါ့အပြင် ကန် ဒေါ်လာ ၂ ဒသမ ၈၄၆ သန်းတန်ဖိုးရှိ ဖရဲသီး ၂၁၅၅၇ တန်ခွဲ၊ ကန်ဒေါ်လာ သုည ဒသမ ၁၇၂ သန်း တန်ဖိုးရှိ သခွားမွှေး ၈၄၀ တန်ကျော်နဲ့ကန်ဒေါ် လာ သုည ဒသမ ၂၂၅ သန်းဖိုးရှိ ဆီးသီး ၁၅၈၄ တန်တို့ကိုလည်း တင်ပို့နိုင်ခဲ့ပါ တယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစပြီး ပဲခူးခရိုင် ဒိုက်ဦးမြို့ဖရဲသီးဈေးကွက် ကနေ တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ တစ်ဆင့်နေ့စဉ် အလုံးရေ ၁ သောင်း ကျော် တင်ပို့ရောင်းချနေရကြောင်း၊ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်မှာ ယခုနှစ်ဖရဲသီးဈေးကွက်စချိန်မှာ တစ် တန်ကို တရုတ်ငွေ ၆၀၀၀ ယွမ်ဈေးရှိခဲ့ ရာမှ ယခုအချိန်တွင် ၃၅၀၀-၄၀၀၀ ယွမ် ကြားသာ ပေါက်ဈေးရှိကြောင်း၊ တရုတ်နိုင်ငံမှာ နှစ်ကူးချိန်ဖြစ်လို့ ဖရဲသီး ၁ လုံးကို အလေးချိန် ၈ ပိဿာမှ ၁၀ ပိဿာ ဝန်းကျင်ရှိတဲ့ အလုံးတွေကို အဓိကထား ဝယ်ယူကြောင်း သိရပါ တယ်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်မှ သခွားမွှေး ၁၀ ဧက စိုက်ခင်းတစ်ခုက ထွက်ရှိတဲ့ သခွားမွှေးတွေကိုလည်း တရုတ်ပြည်ကို တင်ပို့ ရောင်းချရကြောင်း၊ အဲ့ဒီစိုက်ခင်း က ထွက်တဲ့ သခွားမွှေးကို တရုတ်ပြည် ယူနန်မြို့တော် ကူမင်းမြို့မှ အလွန် ကြိုက်နှစ်သက်ကြောင်း၊ တရုတ်နှစ်သစ် ကူးပွဲတော် ကာလလည်း ဖြစ်လို့ မြန်မာ့ သခွားမွှေးတွေ တရုတ်ပြည်ကို လှိုင်လှိုင် ကြီး တင်ပို့နိုင်ကြောင်း အဲ့ဒီဒေသက သခွားစိုက်တောင်သူ တစ်ဦးက ပြောပါ တယ်။
မော်မော်အောင် MIRT (DCCA )