Main menu

Background

မြို့သစ်မြို့နယ်၌ ဆီးသီးအစို၊ အခြောက် အရောင်းအဝယ်ဖြစ်လျက်ရှိ

Tue, 01/10/2023 - 10:31 -- journal_editor

မြို့သစ်မြို့နယ်ရှိ တလင်းကုန်း၊ စည်သာ၊ မကျီးကုန်းကြီး ကျေးရွာ အစရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသော ဆီးသီးအစို/ အခြောက်များမှာ ဒီဇင်ဘာလပထမပတ်မှ စတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။

သဘာဝအလျောက် ပေါက်ရောက်နေသော ဆီးပင်မှ အချဉ်ဓာတ်ရှိသော ဆီးသီးကို ဆီးယိုအဖြစ်လည်းကောင်း၊ ဆီးချိုပင်များဖြင့် ကာရံ၍ ဆီးခြံများ အဖြစ် စိုက်ပျိုးလျက်ရှိသည်။

ယခင်နှစ်က ဆီးချဉ်ကို မြို့ပေါ်ပွဲရုံရှိ ဆီးခွဲစက်များမှ ဆီးဆံထုတ်ယူပြီး မန္တလေးပွဲရုံများသို့ ဆီးဆံတစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ဝ ဝန်းကျင်ဖြင့် ရောင်းချခဲ့ကြပြီး ဆီးသီးအစို/ အခြောက်ပေါ် မူတည်၍ ဆီးသီးတစ်တင်းလျှင် ကျပ် ၂၅၀ဝ မှ ကျပ် ၃၀ဝ၀ ဖြင့် ရောင်းချခဲ့ရသည်။

ယခုနှစ် ဒီဇင်ဘာလ ပထမပတ် ဆီးသီးစပေါ်ချိန်တွင် ဆီးသီးအစို/ အခြောက် ပေါ်မူတည်၍ ဆီးသီးတစ်တင်းလျှင် ကျပ် ၇၀ဝ၀ ဖြင့် ဝယ်ယူလျက်ရှိသည်။  ထို့ပြင် ဆီးခွဲစက်များက ဆီးသီးများအား ကြိတ်ခွဲပြီး ထွက်ရှိလာသော အလေအလွင့် ဆီးခွဲခြမ်းနှင့် ဆီးဖတ်များကို လယ်ယာမြေထဲတွင် မြေသြဇာအဖြစ် ပြန်လည်အသုံးပြုခြင်းနှင့် ဆီးခွဲခြမ်းများအား လောင်စာအဖြစ် ရောင်းချရကြောင်း ဆီးကြိတ်ခွဲစက်ပိုင် ဦးမောင်ဌေးထံမှ သိရှိရသည်။               

ရီရီထွေး (သရက်)