Main menu

Background

မြို့သစ်မြို့နယ်တွင် စပျစ်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Tue, 04/25/2023 - 10:55 -- journal_editor

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပျစ်သီး ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံ စိုက်ပျိုး တောင်သူတစ်ဦး ထံမှ သိရသည်။
ယခုနှစ် စပျစ်စိုက်တောင်သူများအနေဖြင့် စပျစ်သီးတစ်ပိဿာကို ကျပ် ၈၀ဝ၀ ဈေးအထိ ရောင်းရကြောင်း၊ စိုက်ပျိုးသည့် မြေအနေအထားမှာ ယာမြေကို နွားချေး၊ မြေသြဇာတို့နှင့် ဦးစွာ မြေပြင်ခြင်းဆောင်ရွက်ရကြောင်း၊ စပျစ်စိုက်တောင်သူများအနေဖြင့် စပျစ်စတင် စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေ ပြုပြင်ခြင်း၊ ခြံစောင့်တဲ  အိမ်ဆောက်လုပ်ခြင်း၊ စပျစ်မျိုး ဝယ်ယူခြင်းတို့အတွက် ကနဦးကုန်ကျစရိတ် သိန်း ၂၀ မှ သိန်း ၅၀ ဝန်းကျင် ကုန်ကျကြောင်း၊ စပျစ်ခြံ စိုက်ပျိုးမှု အောင်မြင်လာပါက တစ်နှစ်အတွင်း ကျပ်သိန်း ၃၀ မှသိန်း ၅၀ ခန့်ရရှိပြီး နောက်နှစ်များတွင် မြေသြဇာကျွေးခြင်း၊ အပင်ပြုစု ထိန်းသိမ်း ခြင်းအတွက် တစ်ဧကလျှင် ကျပ် ၁၀ သိန်းဝန်းကျင် ကုန်ကျ၍ ဒုတိယနှစ်မှစ၍ အကျိုးအမြတ် တစ်ဧက ကျပ်သိန်း ၂၀ မှ ၃၀ ကြားရ၍ အဆင်ပြေလာနိုင် ကြောင်း စပျစ်စိုက်တောင်သူ ဦးလှဌေးထံမှ သိရှိရသည်။
မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေ တူးဖော်ကာ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းသဖြင့် စိုက်ပျိုးတောင်သူများသည် ပဲ၊ ပြောင်း၊ စပါး၊ နှမ်း၊ မြေပဲနှင့် နေကြာ စိုက်ပျိုးခြင်းနှင့်အတူ စပျစ်စိုက်ပျိုး ခြင်းကိုပါ တွဲဖက်၍ လုပ်ကိုင်လာပြီဖြစ်ကြောင်းသိရှိရသည်။    

ဆယ်မောင်