Main menu

Background

မွန်ပြည်နယ် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်နှင့် ကျွဲကော စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေ

Tue, 07/18/2023 - 13:46 -- journal_editor

မြေခံ၊ ရေခံနှင့် ရာသီဥတုကောင်းသော မွန်ပြည်နယ်သည် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်နှင့် ကျွဲကော စသောသီးနှံများစိုက်ပျိုးဖြစ်ထွန်းသော ပြည်နယ်တစ်ခုလည်းဖြစ်သည်။  မွန်ပြည်နယ်၏ အဓိက ထွက်ကုန်မှာ ရော်ဘာဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက အများဆုံးထွက်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။ ဒုတိယထွက်ကုန်အနေဖြင့် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ကျွဲကော စသည့် သီးနှံများလည်း အများဆုံးထွက်ရှိသည်။

ဒူးရင်းသီး
မူရင်းဒေသ – အရှေ့တောင်အာရှ ၊ အီကွေတာ မိုးသစ်တော၊ အင်္ဂလိပ် အမည်- DURAIN  ၊ရုက္ခဗေဒအမည် Durio Zibethenyus၊  မျိုးရင်းအမည် BOMBACEAE  ဖြစ်သည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် မွန်ပြည်နယ်၏ ဒူးရင်းစိုက်ပျိုးထွက်ရှိမှုမှာ စိုက်ဧက  ၈၃၇၂ ဧက၊ အသီးခူးဧက ၆၁၂၃ ဧက၊   အထွက်နှုန်း ၂၈၈၇ ဒသမ ၆၈ ဧက၊ အထွက်(လုံး) ၁၇၆၈၁၁၃၇ ရှိကြောင်း ပြည်နယ်မြေစာရင်း၏စာရင်း များအရ သိရှိရသည်။ မွန်ပြည်နယ်တွင် ဒူးရင်းကို ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ချောင်းဆုံတို့တွင် အဓိကစိုက်ပျိုးကြသည်။ ယခင်နှစ်  ဒူးရင်းသီးရာသီ တွင် ဒူးရင်းသီး ဈေးနှုန်းမှာ ဒူးရင်းသီး(အကြီး) တစ်လုံး ကျပ်၁၁၀ဝ၀၊ (အလတ်) တစ် လုံး ကျပ် ၁၀ဝ၀ဝ မှ ကျပ် ၈၀ဝ၀၊  (အသေး)တစ်လုံး ကျပ် ၄၀ဝ၀ မှ ကျပ် ၁၅၀ဝထိဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ် ဒူးရင်းသီးရာသီ တွင် ဒူးရင်းသီးဈေးနှုန်းမှာ ဒူးရင်းသီး(အကြီး) တစ်လုံး ကျပ် ၂၂၀ဝ၀၊ (အလတ်) တစ်လုံး ကျပ် ၁၂၀ဝ၀ မှ ကျပ် ၉၀ဝ၀၊  (အသေး) တစ်လုံး ကျပ်၅၀ဝ၀ မှ ကျပ် ၂၅၀ဝ ထိ ဈေးရရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်ဒူးရင်းရာသီတွင် အထွက်နှုန်း နည်းသည့်အပြင် ကုန်ကျစရိတ် ဈေးနှုန်းမြင့်တက်လာသောကြောင့် ယခင်နှစ်ထက် ဒူးရင်းသီးဈေး နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း  တောင်သူများထံမှ သိရသည်။  ဒူးရင်းသီးဈေးနှုန်း မြင့်တက်လာသော်လည်း  ဈေးကွက်တွင် ရောင်း အားကောင်းလျက်ရှိပြီး မွန်ပြည်နယ်အတွင်း ထွက်ရှိသော   ဒူးရင်း သီးကို ပြည်နယ်အတွင်း စားသုံးမှုအပြင် ရန်ကုန်၊ မန္တလေး၊ မြဝတီ၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်ထိ တင်ပို့နေရကြောင်း သိရှိရသည်။ 

မင်းကွတ်သီး
မူရင်းဒေသ –အရှေ့တောင်အာရှ၊အင်္ဂလိပ်အမည် - MAN-GOSTEEN ၊   ရုက္ခဗေဒအမည်Garcinia mangotana  ၊  မျိုးရင်း အမည်-GUTTIFERAE  ပါဝင်သည်။  ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် မွန်ပြည်နယ်၏ မင်းကွတ်သီး စိုက်ပျိုးထွက်ရှိမှုမှာ စိုက်ဧက  ၆၁၉၂၊ အသီးခူးဧက ၁၄၂၆၊ အထွက်နှုန်း၁၈၈၈၇ ဧက ၁၅ ဧက၊ အထွက် ၂၆၉၃၃၀၇၆ ဧကရှိကြောင်း ပြည်နယ်မြေစာရင်း၏စာရင်းများအရ သိရှိရသည်။ ယခင်နှစ် မင်းကွတ်သီးရာသီတွင် မင်းကွတ်သီး(အကြီး)တစ်လုံး ကျပ် ၂၀ဝ၊ (အလတ်) တစ်လုံး ကျပ်၁၅၀၊ (အသေး)တစ်လုံး ကျပ် ၅၀ခန့် ဈေးနှုန်း ရရှိခဲ့ပြီး ယခုနှစ်တွင် မင်းကွတ်သီးရာသီတွင်  မင်းကွတ်သီး(အကြီး)တစ်လုံး ကျပ် ၂၅၀၊ (အလတ်) တစ်လုံး ကျပ်  ၁၈၀၊ (အသေး) တစ်လုံးကျပ် ၈၀ ဈေးနှုန်းရရှိနေကြောင်း သိရှိရ သည်။ ယခုနှစ်တွင် မင်းကွတ်သီးမှာ ယခင်နှစ်ထက် ဈေးနှုန်းအနည်း ငယ် မြင့်တက်လာသော်လည်း ဈေးကွက်တွင်ရောင်းအား ကောင်းနေ ကြောင်း  မင်းကွတ်သီး အရောင်းဆိုင်များမှသိရှိရသည်။ မင်းကွတ်သီး ကို အခြားသစ်သီးဝလံများနှင့် နှိုင်းယှဉ်ပါက   အရင်းကြေအမြတ်ရခြင်း နောက်ကြသော်လည်း ရေရှည်အတွက်မူ စိုက်ပျိုးသင့်သော သီးနှံဖြစ် သည်။ 
 
ကြက်မောက်သီး
မူရင်းဒေသ – မလေးရှားနှင့် အင်ဒိုနီးရှား ၊အင်္ဂလိပ်အမည် -RAMBU၊ရုက္ခဗေဒအမည်-Naphelium Lappacum  ၊  မျိုးရင်း အမည်-SAPINDACEAE  ဟူ၍ ခေါ်ဝေါ်ကြသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မွန်ပြည်နယ်၏ကြက်မောက်သီး စိုက်ပျိုးထွက်ရှိမှုမှာ စိုက် ဧက  ၆၆၅၅ ၊ အသီးခူးဧက -၁၈၁၇ ၊ အထွက်နှုန်း ၈၈၀၆၈ ဒသမ၉၉၊ အထွက် ၁၆၀ဝ၂၁၃၅၅ ရှိကြောင်း ပြည်နယ် မြေစာရင်း၏စာရင်း များအရ သိရှိရသည်။ ယခင်နှစ် ကြက်မောက်သီးရာသီတွင် ကြက် မောက်သီး(မြန်မာသီး)တစ်ကီလို ကျပ် ၂၀ဝ၀မှ၃၅၀ဝနှင့် ကိုင်းဆက် သီး တစ်ကီလို ကျပ် ၂၀ဝ၀ မှ ၄၀ဝ၀ ထိရှိခဲ့ပြီး  ယခုအချိန်တွင် ကြက် မောက်သီး (မြန်မာသီး) တစ်ကီလို ကျပ် ၃၅၀ဝ မှ ၅၀ဝ၀ နှင့် ကိုင်း ဆက်သီး တစ်ကီလို ကျပ် ၅၅၀ဝ မှ ၈၅၀ဝ ထိ   ဈေးရရှိနေကြောင်း သိရသည်။ ယခုနှစ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ကြက်မောက်သီး များမှာ ရင့်မှည့်ချိန် မတိုင်မီ ြွေကကျပျက်စီးမှုများကြောင့် ကြက် မောက်သီး ထွက်ရှိမှုနည်းပြီး ယခင်နှစ်ထက်ဈေးနှုန်းပိုရရှိပြီး ကြက် မောက်သီးဈေးနှုန်း မြင့်တက်လာသော်လည်းဈေးကွက်တွင် မြန်မာ သီးနှင့် ကိုင်းဆက်သီးနှစ်မျိုးစလုံး အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရသည်။ 

ကျွဲကောသီး
မူရင်းဒေသ – အမေရိက၊တောင်အာဖရိကနှင့် သြစတြေးလျ ဟူ၍သိရသည်။ အင်္ဂလိပ်အမည် – Pummelo     ရုက္ခဗေဒအမည်-Citrus Grandis ၊ မျိုးရင်းအမည် –Rutaceae   မျိုးရင်းတွင်  ပါဝင် သည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မွန်ပြည်နယ်၏ကျွဲကာသီး စိုက်ပျိုး ထွက်ရှိမှုမှာ စိုက်ဧက – ၃၂၂၈ ၊ အသီးခူးဧက - ၂၁၆၇ ၊ အထွက်နှုန်း ၅၅၇၈ ဒသမ၇၆၊  အထွက် ၁၂၀၈၉၁၇၃ ရှိကြောင်း ပြည်နယ်မြေ စာရင်း၏စာရင်းများအရ သိရှိရသည်။ ယခင်နှစ်  ကျွဲကောသီးရာသီ တွင်  ပန်းရောင်ကျွဲကောသီး (အကြီး) ၂ ကီလိုအထက် ကျပ် ၃၅၀ဝ၊ (အလတ်) ကျပ် ၂၀ဝ၀၊ (အသေး) ကျပ် ၁၀ဝ၀၊ ကျွဲကော်သီး အဖြူသီး (အကြီး) ၂ကီလို ကျပ် ၂၀ဝ၀၊(အငယ်) ၁ ဒသမ ၅ ကီလို   ကျပ် ၁၀ဝ၀ ရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် ကျွဲကောသီးရာသီအစပိုင်းတွင်  ပန်းရောင် ကျွဲကောသီး (အကြီး) ၂ကီလိုအထက် ကျပ်၄၅၀ဝ၊(အလတ်)ကျပ် ၃၀ဝ၀၊(အသေး) ကျပ် ၁၅၀ဝ၊ ကျွဲကော်သီး အဖြူသီး (အကြီး)  ၂ ကီလို ကျပ် ၂၅၀ဝ၊ (အငယ်) ၁ဒသမ ၅ကီလို ကျပ် ၁၅၀ဝ ဈေးနှုန်း ရရှိနေကြောင်းသိရှိရသည်။ ယခုအချိန်တွင် ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သဖြင့် ကျွဲကောသီးကို ဝယ်ယူစားသုံးမှုနည်းကာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းမှာ ယခင်နှစ်ထက်  အနည်းငယ်သာ ပိုမိုရရှိနေခြင်းဖြစ်သည်။ ပြည်နယ် အတွင်းထွက်ရှိသော ကျွဲကောသီးကို ပြည်နယ်အတွင်း စားသုံးမှု အပြင် ပဲခူး၊   ရန်ကုန်နှင့် မန္တလေးသို့ တင်ပို့နေရကြောင်း သိရှိရသည်။ 

တွေ့ကြုံရသောအခက်အခဲနှင့် အကြံပြုချက်
လက်ရှိတွင် သွင်းအားစုနှင့် လောင်စာဆီ၊ ပိုးမွှားအန္တရာယ် ကျရောက်ခြင်း စသည့်  အခက်အခဲများနှင့်  ရင်ဆိုင်နေရသည်။ သက်ဆိုင်ရာဌာနများမှ နည်းပညာ၊ ဗဟုသုတများ ပြန့်ပွားစေရန် သင်တန်းများ ထပ်ဆင့်ပေးရန်  လိုအပ်ခြင်း၊ မိရိုးဖလာအတိုင်းစိုက် ပျိုးနေခြင်းမှ အရည်အသွေးမီသော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိက၊ အသင်း အဖွဲ့များနှင့်စိုက်ပျိုးထုတ်လုပ်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ ကုန်ကျစရိတ်များရှိသဖြင့် အစိုးရနှင့် ပုဂ္ဂလိကတို့မှ ပူးပေါင်းဆောင်ရွက်ပြီး    နိုင်ငံတကာငွေကြေးအထောက်အပံ့များ ရယူရန် လိုအပ်ခြင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့ သစ် သီးဝလံများ တန်ဖိုးမြင့်မြင့်မားမားဖြင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နိုင်မည်ဖြစ်ကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

အောင်မြင့်မြတ် (မွန်)