Main menu

Background

စတော်ဘယ်ရီသီး တန်ဖိုးမြှင့်စားသောက်ကုန်ကို ပြင်ဦးလွင်တွင် လာမည့်နှစ်အတွင်း စီမံကိန်းချမှတ် ထုတ်လုပ်မည်

Mon, 08/14/2023 - 11:51 -- journal_editor

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာတွင် စတော်ဘယ်ရီသီးနှင့် ပတ်သက်သည့် တန်ဖိုးမြှင့် စားသောက်ကုန်များကို လာမည့် ၂၀၂၄ ခုနှစ် စတော်ဘယ်ရီ ရာသီအတွင်း စီမံကိန်းချမှတ်ကာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။  ဌာနအနေဖြင့် နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသော ကျေးလက်နေ ပြည်သူ များ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်း   ခုနစ်ခု အနက် ကျေးရွာတစ်ရွာ   ထုတ်ကုန်တစ်ခု (One Village One Product-OVOP))စီမံကိန်းအရ စတော် ဘယ်ရီသီးနှင့်ပတ်သက်သောတန်ဖိုးမြှင့်စားသောက် ကုန်များ   ထုတ်လုပ်မည့်အစီအစဉ်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။
စတော်ဘယ်ရီသီးနှင့်ပတ်သက်သည့် တန်ဖိုး မြှင့် စားသောက်ကုန်များကို လာမည့် စတော်ဘယ်ရီ ရာသီဖြစ်သော မတ်လမှ ဇွန်လအတွင်း ထုတ်လုပ် မည်ဖြစ်ကြောင်းသိရသည်။   တန်ဖိုးမြှင့် ထုတ်ကုန် များအနေဖြင့် စတော်ဘယ်ရီယို၊ စတော်ဘယ်ရီဖျော် ရည်နှင့် စတော်ဘယ်ရီဝိုင်များကို အဓိက ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။   
ပြင်ဦးလွင်ခရိုင် အသေးစား   စက်မှု၊လက်မှု လုပ်ငန်းဦးစီးဌာနအနေ ဖြင့် ပင်လိန် (အရှေ့)ကျေး ရွာတွင်    စတော်ဘယ်ရီသီးနှင့်ပတ်သက်သည့် တန်ဖိုးမြှင့် စားသောက်ကုန်များ  ထုတ်လုပ်မှု နည်း ပညာများကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်မှ ၃၀ ရက် အထိ  သင်တန်းဖွင့်လှစ်   သင်ကြားပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
အဆိုပါကျေးရွာ၏  အဓိကထွက်ကုန်သည် စတော်ဘယ်ရီသီးဖြစ်သောကြောင့် လာမည့် စတော် ဘယ်ရီသီးပေါ်သည့်အချိန်တွင်    တန်ဖိုးမြှင့် စား သောက်ကုန် ထုတ်လုပ်မှု မွမ်းမံသင်တန်းကို ထပ်မံ ပို့ချသွားရန် စီစဉ်ထားကြောင်း သိရသည်။ ထိုသင် တန်း ပြီးဆုံးပါက သင်တန်း တွင် တက်ရောက်ခဲ့သော သင်တန်းသားသင်တန်းသူများထဲမှ ငါးဦးကို ရွေး ချယ်ကာ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ် သည့်လုပ်ငန်းများ   ထူထောင်လုပ်ကိုင်နိုင်စေရန် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသော  စက် ပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု