Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီကို အိန္ဒိယအဆွဲလိုက်လို့ ဈေးစွာလာ

Wed, 07/23/2014 - 11:55 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ  အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ် တန်ကို ၅၀၀၀၀ ကျပ် ခန့်ဈေးမြင့်လာကြောင်း ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

အိန္ဒိယဘက်မှာ ရာသီဥတုကြောင့် ပဲတွေ အထွက်လျော့ မှာကိုစိုးရိမ်ပြီး မြန်မာ့မတ်ပဲကို ဝယ်လိုအားများလာလို့ အခုလိုဈေးတွေမြင့်တက်လာတာလို့ သိရပါတယ်။ အရောင်း အဝယ်အနေဖြင့် တစ်တန်ကို အနိမ့်ဆုံး ၈၁၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၈၃၄၅၀၀ ကျပ်အတွင်း အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ (RC) အနေဖြင့် ဒီတစ်ပတ်မှာအိန္ဒိယဝယ်လက် ကဈေးပေးအဝယ်ရှိသလို ဝယ်လိုအားပါပြန်လိုက်လာတာကြောင့်   ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်တန်ကို  ၂၀၀၀၀ ကျပ်ခန့်ဈေးမြင့် ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်တန်ကို အနိမ့်ဆုံး ၆၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၇၆၀၀၀ ကျပ် အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။