Main menu

Background

ဈေးနှုန်းထပ်မံကျဆင်းသွားသည့်အောင်ပန်းအာလူး

Thu, 10/22/2020 - 15:48 -- journal_editor

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်အာလူးနှင့်ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး၊အောက်တိုဘာ ၂၂ ရက်နေ့တွင်တရုတ်အာလူးတစ်ပိဿာဈေးမှာ ကျပ် ၇၀ဝ ဖြစ်ပြီး အောင်ပန်းမြို့မှ ဝင်ရောက်လာသော အာလူးတစ်ပိဿာဈေးနှုန်းများမှာ  အာလူးA1  ၁ ကျပ် ၆၀ဝ၊ အာလူး OK ကျပ် ၆၃၀၊ အာလူး S1 ကျပ် ၆၈၀၊ အာလှူး၂ ကျပ် ၇၀ဝ ဈေးနှုန်း အသီးသီးဖြစ်သည်။တရုတ်အာလူးမှာယခင်အပါတ်ဈေးနှုန်းထက် S2 ကျပ် ၆၅၀ ကျဆင်းခဲ့ပြီး အောင်ပန်းအာလူးဈေးများမှာ ယခင်တစ်ပတ်ဈေးနှုန်းထက် အာလူး A1 ကျပ် ၂၅၊ အာလူးOKနှင့် အာလူး S1   မှာ ကျပ်၂၀၊ အာလူး  S2  မှာ ကျပ် ၁၀ဝခန့်စီ ဈေးနှုန်း ကျဆင်းသွားကြောင်း ကုန်စည်ဒိုင်ဈေးကွက် မှသိရသည်။

          ရန်ကုန်မြို့ဒေသအတွင်း လက်လီပြန်လည်ရောင်းချသူများနှင့် အာလူးကြော်လုပ်ငန်းရှင် များမှ ဝယ်ယူ ခဲ့ကြကြောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောက်တိုဘာလ ၂၂ရက်နေ့ အာလူးဝင်ရောက်မှုမှာ  တစ်နေ့လျှင် ပျမ်းမျှကားအစီးအရေအတွက် ၉ စီးခန့်နှင့်  ၊  တစ်နေ့လျှင် ပျမ်းမျှပိဿာချိန်  ၅၄၀ဝ၀  ပိဿာဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

 

                                                                               ရွှေဝါထွန်း