Main menu

Background

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက် ဈေးနှုန်းများ 

Thu, 09/22/2022 - 15:25 -- journal_editor

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဈေးကွက်သတင်းများ အား စုစည်းတင်ပြလိုက်ပါသည်။    
တ်ပဲနှင့် ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ တစ်တန်ဈေး နှုန်းများမှာ မတ်ပဲFAQ/ RC(2022 Crop)  ကျပ် ၂၀၂၈၀ဝ၀၊ မတ်ပဲ   SQ/RC  (2022 Crop)  ကျပ် ၂၃၃၈၀ဝ၀ နှင့် ပဲစင်းငုံ Red/RC (2022 Crop)  ကျပ် ၂၁၅၀ဝ၀ဝ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop)ကျပ် ၂၃၀ဝ၀၊ မတ်ပဲ  SQ/RC  (2022 Crop) ကျပ် ၂၃၀ဝ၀ နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကျပ် ၁၁၀ဝ၀ဝ ဈေးကျဆင်းခဲ့ကြောင်း သိရ သည်။ ယခင်တစ်ပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2022 Crop)ကွန်တိန်နာ ၁၃၀ လုံး (တန်ချိန် ၃၁၂၀) နှင့် ပဲစင်းငုံ  Red/RC (2022 Crop)  ကွန်တိန်နာ ၂၅ လုံး (တန်ချိန် ၆၀ဝ)၊ စုစုပေါင်း ကွန်တိန်နာ ၁၅၅ လုံး  (တန်ချိန် ၃၇၂၀ ) ဝင်ရောက်ခဲ့ပြီး  ယခုတစ်ပတ်တွင် မတ်ပဲ FAQ / RC (2022 Crop)  ကွန်တိန်နာ ၁၀၅ လုံး(တန်ချိန် ၂၅၂၀) သာ ဝင်ရောက် ခဲ့သောကြောင့် ယခင်တစ်ပတ်ထက် ကွန်တိန်နာ အလုံး ၅၀ (တန်ချိန် ၁၂၀ဝ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သောငရုတ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ ငရုတ်  (သစ် ) AC  ကျပ် ၁၆၀ဝ၀၊ မြှားနီ ဟင်္သာတ(သစ်) AC  ကျပ် ၁၆၀ဝ၀၊ မိုးထောင် ပျော်ဘွယ် ကျပ် ၁၄၀ဝ၀၊ ဆင်ဖြူကျွန်း(ပု)ဟောင်း ကျပ် ၁၂၀ဝ၀၊ မြစ်ဝ (ပု) ကျပ် ၁၅၀ဝ၀၊ ကျောက်ဆည်ဒီမွန် ကျပ် ၁၄၀ဝ၀ နှင့် စိမ်းစား ကျပ် ၁၅၀ဝ၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီဟင်္သာတ (သစ်) AC  ကျပ် ၁၀ဝ၀၊ ပန်းရဲငရုပ် (သစ် ) AC  ကျပ် ၁၀ဝ၀၊ မိုးထောင်ပျော်ဘွယ် ကျပ် ၃၀ဝ၀ ၊ ကျောက်ဆည်ဒီမွန် ကျပ် ၃၀ဝ၀ နှင့် စိမ်းစား ကျပ် ၁၀ဝ၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်တစ်ပတ်က ကုန်စည်ဒိုင် သို့ ငရုတ်ရှည် အိတ်ပေါင်း ၄၄၀ဝ (၈၈၀ဝ၀ ပိဿာ)  နှင့် ငရုတ်ပုအိတ်ပေါင်း ၃၀ဝ (၄၅၀ဝ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုတစ်ပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၁၀ဝ (၅၀၄၀ဝ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀ဝ (၁၅၀ဝ ပိဿာ)  ဝင် ရောက်ခဲ့သောကြောင့် ငရုတ်ရှည် အိတ်ပေါင်း ၂၃၀ဝ ( ၄၆၀ဝ၀ ပိဿာ)  ငရုတ်ပု အိတ်ပေါင်း  ၂၀ဝ (၃၀ဝ၀ ပိဿာ) လျော့ နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

မန်ကျည်း
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး တစ်ပိဿာ ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၂၂၀ဝ နှင့် မန်ကျည်းအသား (သစ်) ကျပ် ၃၈၀ဝ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းအသား(သစ်)ကျပ် ၂၀ဝ မြင့်တက် ခဲ့ပြီး  မန်ကျည်းသီး ပွင့်ကပ် (သစ်) မှာ ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။ 

ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင် သာမလိုင် (ဒုံး) ကျပ် ၂၉၀ဝ၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၁၀ဝ၊ ပခုက္ကူ ကြမ်း ကျပ် ၂၉၅၀၊ ရေစကြိုထန်းလျက် ကျပ် ၃၁၅၀၊ ကြံသကာ (အိတ်သွတ်စ) ကျပ် ၂၀ဝ၀ နှင့် သကြား (ပြည်တွင်း) ကျပ် ၂၂၆၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၂၀ဝ၊ ညောင်ဦးဆေးရှယ် ထန်း ကျပ် ၃၅၀၊ ပခုက္ကူကြမ်း ကျပ် ၂၅၀၊ ရေစကြိုထန်းလျက် ကျပ် ၄၅၀၊ ကြံသကာ(အိတ်သွတ်စ) ကျပ် ၂၅၀  နှင့် သကြား (ပြည်တွင်း) ကျပ် ၁၁၀ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

အာလူး
ဘုရင့်နောင်  ကုန်စည်ဒိုင်တွင် အာလူး တစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်း A1 ကျပ် ၁၃၅၀၊ အောင်ပန်း OK ကျပ် ၁၄၅၀၊ အောင်ပန်း A1 ကျပ် ၁၅၅၀၊ အောင်ပန်း  S2 ကျပ် ၂၁၅၀ နှင့် တရုတ်အာလူး ကျပ် ၂၀ဝ၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တရုတ်အာလူး ကျပ် ၂၀ဝ ဈေး မြင့်တက်ခဲ့ပြီး ကျန်အာလူးများ ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။ ယခင်တစ်ပတ်က ကုန်စည်ဒိုင်သို့ အာလူးကားစီး ရေ  ၁၂၁ စီး (၇၂၆၀ဝ၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုတစ်ပတ် တွင် အာလူးကားစီးရေ ၆၆ (၃၉၆၀ဝ၀  ပိဿာ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်တစ်ပတ်ထက် အာလူးကားစီးရေ ၅၅ စီး  (၃၃၀ဝ၀ဝ ပိဿာ)  လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။

ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိတ်ဖြူနှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်း များမှာ ဆိတ်ဖြူရှယ်(သစ်) ကျပ် ၃၂၅၀၊ ဆိတ်ဖြူ လတ်ကြီး  ကျပ် ၃၂၅၀၊ ဆိတ်ဖြူလတ်သန့် ကျပ် ၃၁၀ဝ၊ ဆိတ်ဖြူ လတ်ချော ကျပ် ၂၆၀ဝ၊ မုံရွာ ရှယ်(သစ်) ကျပ် ၃၆၅၀၊ မုံရွာလတ်ကြီး ကျပ် ၃၆၅၀ ၊ မုံရွာလတ်ချော ကျပ် ၃၅၀ဝ နှင့် မုံရွာ လတ်သန့်  ကျပ် ၃၀ဝ၀ အသီးသီး  ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  ဆိတ်ဖြူရှယ် (သစ်) ကျပ် ၂၅၀၊ဆိတ်ဖြူလတ်ကြီး ကျပ် ၁၅၀၊ ဆိတ်ဖြူ လတ်သန့် ကျပ် ၂၀ဝ၊ ဆိတ်ဖြူလတ်ချော ကျပ် ၃၀ဝ၊ မုံရွာရှယ်(သစ်)ကျပ်  ၅၀ နှင့် မုံရွာ လတ်သန့် ကျပ် ၂၀ဝ အသီးသီး ဈေးမြင့်တက်ခဲ့သည်။  ကုန်စည်ဒိုင်သို့  ကြက်သွန်နီ  ဝင်ရောက်မှုမှာ ယခင်တစ်ပတ်က ကားစီးရေ ၂၃၃ စီး (၁၃၉၈၀ဝ၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုတစ်ပတ်တွင် ကားစီးရေ ၁၄၄ စီး (၈၆၄၀ဝ၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်တစ်ပတ်ထက် ကြက်သွန်နီ ကားစီးရေ ၈၉စီး ( ၅၃၄၀ဝ၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။ 

ကြက်သွန်ဖြူ
ဘုရင့်နောင်  ကုန်စည်ဒိုင်သို့  ကြူကုတ်နှင့် အောင်ပန်း မြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ တစ်ပိဿာ ဈေးနှုန်းများမှာ ကြူကုတ် ရှယ်  ကျပ် ၅၀ဝ၀၊ အောင်ပန်း ထူး-၂  ကျပ် ၂၇၀ဝ၊  အောင်ပန်း ထူး-၃ ကျပ် ၃၂၀ဝ၊  အောင်ပန်း ထူး-၄ ကျပ် ၃၇၀ဝ နှင့် အောင်ပန်း ထူး-၅ ကျပ် ၄၂၀ဝ အသီး သီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ကြူကုတ် ရှယ် ကျပ် ၄၀ဝ၊    အောင်ပန်း ထူး-၂   ကျပ် ၁၀ဝ၊ အောင်ပန်း ထူး-၄ ကျပ် ၁၀ဝ ဈေးကျဆင်းခဲ့ သည်။ ယခင်တစ်ပတ်က ကုန်စည်ဒိုင်သို့ ကြက် သွန်ဖြူ အိတ် ၄၉၀ဝ (၁၄၇၀ဝ၀  ပိဿာ)ဝင်ရောက်ခဲ့ပြီး  ယခုတစ်ပတ်တွင် ကြက် သွန်ဖြူ အိတ်  ၂၀ဝ၀ (၆၀ဝ၀ဝ ပိဿာ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်တစ်ပတ်ထက် ကြက်သွန်ဖြူ အိတ် ၁၉၀ဝ (၅၇၀ဝ၀ ပိဿာ ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း  သိရ သည်။
SWTun, SSMaw (Domestic (Ygn) MITC